အပိုင်း(၁၂)

2.4K 156 17
                                    

Unicode

"ဒီနေ့လပြည့်နေ့နော်"

သူကဆက်ခနဲမော့ကြည့်လာ၏။သူ့မျက်ဝန်းညိုတွေနှင့်အရင်ဆုံး ဆုံသည်။အခုထိသူ့ မျက်လုံးကိုရဲရဲဝံ့ဝံ့ရင်ဆိုင်ဖို့ကျင့်သားမရသေးပါ။

"ဟုတ်တယ်လေ..ဘာလို့လဲ"

"လပြည့်နေ့ဆိုတော့ ပိတောက်ပန်းတွေများပွင့်မလားလို့ပါ"

ကျွန်မ သူ့ဘေးနားတွင်ဝင်ထိုင်လိုက်၏။

"ဆွေးက ပိတောက်ပန်းလိုချင်လို့လား"

"ရှင်"

"နောက်ရက်ကျရင် တို့ပိတောက်ပင်စိုက်ဦးမှထင်ရဲ့"

"ကျွန်မကဒီအတိုင်းပဲ ပြောလိုက်တာပါ
ရှင်ရဲ့..လိုချင်တယ်လို့လည်းမပြောမိပါဘူး"

"အို..တို့ကလည်းမင်းဖို့လို့မပြောမိပါဘူး"

စိတ်တိုလိုက်တာ။လူကိုသက်သက်မဲ့အနိုင်ယူနေတာ။ကျွန်မ မှတ်ထားလိုက်၏။
အခွင့်အ‌ရေးရရင်တော့ ပြန်ချေပရဦးမည်။

"အစ်မ..အစ်မရှိလားဗျ"

"တို့ရှိတယ်"

"ဪ..အစ်မ"

သူအသံပြုလိုက်တော့ ကောင်လေးကဝင်လာသည်။အသားဖြူဖြူ အရပ်ရှည်ရှည်နှင့် ရုပ်လေးတော့အတော်ချောသည်။လက်ထဲမှာလည်းပိ‌တောက်ပန်းတွေကိုင်ထားသေး၏။
အဲ့ဒီကောင်လေးကို ဘာရယ်မဟုတ် မျက်မှုန်းကျိုးမိသွား၏။

အဲ့ဒီကောင်လေးက သူ့အိမ်မှာဝင်ထွက်နေကျများလား။ဘယ်လောက်ထိများရင်းနှီးနေကြလို့လဲ။တွေးရင်း ‌ခေါင်းရှုပ်လာသည်။

"ကျွန်တော် ဟိုဘက်လမ်းထဲကပိတောက်ပင်မှာ ပိတောက်ပန်းတွေပွင့်နေလို့ သွားခူးလာတာ..အိမ်မှာလည်းများနေတာနဲ့ အစ်မတို့အတွက်ပါခူးလာတာ"

"အင်း..ထားခဲ့လေ"

သူ့လေသံသည် တစ်ဖက်သားကို အရေးမလုပ်ဟန်ရှိသည်။ခုနက 'တို့ရှိတယ်'ဆိုပြီးပြောတဲ့လေသံနှင့်လုံးဝကိုမတူတော့ပေ။‌
ကျွန်မှာ ခုနကထိုကောင်လေးကို မျက်မှုန်းကျိုးနေနဲ့စိတ်လေးပျောက်ပြီးကြားထဲမှ သူ့ကိုအားနာလာမိသည်။

ရှင့်ကို ချစ်တယ်(သို့)အချစ် ဒီရေလှိုင်းWhere stories live. Discover now