Unicode
"ဆွေး"
"ကျွန်မကိုလာမခေါ်နဲ့"
"ဘာလို့အဲ့လောက်ထိစိတ်တွေဆိုးနေရတာလဲ ကလေးရဲ့..တို့လာမကြိုမိလို့လား"
အဲ့ဒီယောက်ျားနဲ့ အပြင်ထွက်သွားလို့မို့စိတ်တိုနေတာသိရက်နဲ့ သူသည်တမင်များမေးနေတော့သလား။
"ရှင့်ကိုအစကတည်းက ကျွန်မကိုလာမကြိုဖို့ပြောပြီးသားပဲဟာ...အခုက အဲ့ဒါကြောင့်မဟုတ်တာ ရှင်လည်းသိမှာပါ"
သူကျောင်းအထိလာကြိုမယ်လုပ်တုန်းက အတင်းငြင်းခဲ့တာတောင်လာကြိုဖို့လုပ်ခဲ့သေးသည်။တကယ်တမ်း လာကြိုမယ်အထင်နဲ့စောင့်နေတော့မှ အဲ့ဒီလူကအပြင်ခေါ်လို့ဟုဆိုကာ လာမကြိုတော့။
"စိတ်မဆိုးနဲ့တော့နော်..ဘာမှမဟုတ်တာလေးနဲ့ကို"
"ဘာကိုဘာမဟုတ်ရမှာလဲ...ကျွန်မ ဘယ်လောက်ထိစိတ်တိုနေမယ်ဆိုတာတွေးမကြည့်မိဘူးလား"
"ငြင်းရမှာအားနာလို့ လိုက်သွားတာပါ..မင်းမကြိုက်ရင် နောက်ဆိုဆင်ချင်မယ်လေ နော်"
သူမှားတဲ့ပုံစံနဲ့တောင်းပန်နေပြန်တော့ စိတ်ထဲမကောင်းလှပါ။
ကိုယ့်ထက်အကြီးကို အနိုင်ယူမိသလိုဖြစ်သွားမှာလည်းစိုးမိသည်။သူ့ကိုဝမ်းနည်းမိစေမှာလည်းစိုးသည်။"ရပါတယ်..ထားလိုက်ပါတော့"
"တို့ကိုစိတ်ဆိုးမပြေသေးမှန်းသိပါတယ်..ဘယ်လိုပြန်ချော့ရမလဲ"
စိတ်ဆိုးမပြေသေးတာထက်စိတ်ခုနေတာဆိုပိုမှန်လိမ့်မည်။သူ့ကိုအသည်းအသန်သဘောကျနေတဲ့ယောက်ျားတစ်ယောက်နဲ့ အပြင်အတူထွက်သွားတာကို ကျွန်မအနေနဲ့ဘယ်လိုမှ သဘောတူကြည်ဖြူမနေနိုင်ပါ။
"ကျွန်မစိတ်မဆိုးဘူး"
"အဲ့ဒါဆို တို့ကိုပြန်ကြည့်လေ ..ဘာလို့ရှောင်နေရတာလဲ"
"အဲ့ဒီလူကို ကျွန်မနဲ့ရှင်က ချစ်သူတွေဆိုတာပြောလိုက်...အဲ့ဒါဆိုစိတ်ဆိုးပြေမယ်"
သူ့မျက်လုံးတွေမှာတုန်လှုပ်သွားဟန်ရှိသည်။
"ဆွေး"
သူ့လေသံကိုသိသည်။တောင်းဆိုချက်ကိုငြင်းပယ်တော့မယ်ဆိုတာ။
YOU ARE READING
ရှင့်ကို ချစ်တယ်(သို့)အချစ် ဒီရေလှိုင်း
Romanceသိပ်ချစ်တာပဲ ရှင်ရယ်.... ရှင့်ရဲ့ မျက်ဝန်းညိုလေးတွေကိုသိပ်ချစ်တာပဲ ရှင့်ရဲ့စကားပြောဟန်လေးကို သိပ်ချစ်တာပဲ ရှင့်ရဲ့အမူအရာလေးတွေကိုသိပ်ချစ်တာပဲ နှလုံးသားမှာနှစ်ဝင်သွားတဲ့ ဆူးတစ်ချောင်းဟာ ရှင်ပါပဲ ရှင်ရယ် .. ရှင့်ကိုလေ သိပ်ချစ်တာပဲ...သိပ်ချစ်မိတာပဲရှင...