အပိုင်း(၂၇)

770 79 9
                                    

Unicode

မနက်ခင်းအိပ်ရာနိုးလာတော့ ဘေးနားမှာသူမရှိတော့ပါ။
နံရံပေါ်ကနာရီကိုကြည့်လိုက်တော့ ၆နာရီခွဲ။
ဒီနေ့ ကျောင်းဖွင့်သည်။သေချာပေါက်ကျောင်းသွားမှရမည်။ အရင်အတိုင်းသာဆို ခွင့်တိုင်ပြီးကျောင်းပျက်လိုက်ပါပြီ။
အခုက စာမေးပွဲနီးလာသဖြင့်ကျောင်းချိန်မှန်မှရမည်။

"နိုးနေပြီလားဆွေး"

အခန်းထဲသို့ သူပြန်ရောက်လာသည်။
အခုမှရေချိုးပြီးခါစထင်သည်။မျက်နှာမှာ ကြည်လင်နေ၍မနေ့ညကဝတ်တဲ့ ညဝတ်အင်္ကျီလည်းမဟုတ်တော့ပါ။

"အွန်း"

"ထတော့လေ ကျောင်းသွားရဦးမှာနဲ့...တို့လိုက်ပို့မယ်"

ဒါကြောင့် သူအစောကြီးထတာကို။
သူကအလိုက်သိလွန်းပါတယ်လေ။
ကျွန်မကိုလည်း ဂရုစိုက်ပါတယ်။
ကိုယ့်ဘက်ကသာ သံသယတွေများနေခဲ့တာ။

"လိုက်မပို့ပါနဲ့...ကျွန်မဘာသာ သွားတတ်နေတာကို"

"တော့ပြီ ထဆိုထတော့ကွယ်...တို့ကလိုက်ပို့ချင်လို့ကို"

သူက ကျွန်မကိုဆွဲထူကာ ထစေသည်။
မထချင်ထချင်နဲ့ သူအားတွဲခိုကာထလိုက်ရသည်။

"ဟုတ်ပါပြီ...အစကတည်းက ထတော့မလို့ပါပဲ ရှင်ရဲ့"

"အင်း အစကတည်းက မငြင်းဘဲ လိမ္မာလိုက်ရင်ပြီးပြီကို

ဪ....ဒါနဲ့ မင်းအတွက် မုန့်တီသွားဝယ်ထားတယ်..ကော်ဖီနဲ့မုန့်လည်းရှိတယ်...ကြိုက်တာစားပေါ့...နှစ်ခုလုံးစားလည်းရတယ်နော်"

"အားနာစရာကြီးရှင်ရယ်....ဘာလို့သွားဝယ်ထားတာလဲ ရှိတာပဲစားမှာပေါ့"

တကယ်ပင်အားနာမိသည်။သူ့မှာ အစောကြီးလည်းထရသေး မနက်စာအတွက်သွားဝယ်ပေးရနဲ့။

"အားနာစရာမဟုတ်တာကို"

"ပြီးမှ အာဘွားပေးမယ်နော် ရှင်"

ကျွန်မသူ့ကို တွဲခိုကာဖက်ထားဆဲ။ တစ်ခါတလေ ကလေးတစ်ယောက်လို သူ့အပေါ်မှာဆိုးနွဲ့ချင်စိတ်တွေသည် ထိန်းမရပါ။
တခါတလေတော့လည်း သူကကိုယ့်ထက်ကလေးဆန်နေသည်မို့ ခွင့်လွှတ်ထားရသည်။

ရှင့်ကို ချစ်တယ်(သို့)အချစ် ဒီရေလှိုင်းWhere stories live. Discover now