အပိုင်း(၂၁)

2.9K 146 7
                                    

Unicode

သူဆေးရုံတက်ရတဲ့ တစ်လျှောက်လုံးကျွန်မအိမ်မပြန်ဘဲစောင့်ပေးခဲ့သည်။
သူ့ရဲ့ မေမေနဲ့တောင် ကျွန်မအတော်အသင့်ရင်းနှီးနေပါပြီ။

မေမေလည်းကျွန်မတို့ကိစ္စကိုသိသွားခဲ့ပြီ။
မေမေကတော့ ကောင်းသည်ဆိုးသည်
ဘာမှမပြောခဲ့ပါ။ မေမေသိမှတော့ဖေဖေ့ကိုလည်းပြောပြီးလောက်ပြီဟု ကျွန်မထင်သသည်။ကျွန်မအဖေသည် လူအေးသမားဖြစ်သဖြင့် ထိုကိစ္စအား ဘာမှပြောလိမ့်မည်မဟုတ်ပါ။ အရင်ကတည်းက ကျွန်မတို့၏စိတ်ဆန္ဒကိုသာ ဦးစားပေးခဲ့တာများသည်။

"ဟိတ်..ကောင်မလေး"

ကျွန်မအတွေးစတို့သည် ထိုအသံလေးတစ်ခုကြောင့် ပျက်ပြယ်သွားခဲ့သည်။

"ရှင်...ဘယ်လိုရောက်နေတာ"

လက်ပိုက်ကာ စတိုင်ကျကျရပ်နေပုံက ကျွန်မမျက်လုံးထဲတွင်ဆွဲဆောင်မှုရှိလိုက်တာ။ကမ္ဘာမြေ၏အဖိုးတန် အလှအပများစွာထဲတွင် ကျွန်မသည် ထိုအလှအပကိုအနှစ်သက်ဆုံးဖြစ်သည်။

ဘေးနားမှာလည်း ကောင်ကလေးတွေရှိ‌ေနသည်မို့ ကျွန်မသူ့ကိုသဝန်တိုလာမိသည်။
သူ့မျက်ဝနိးညိုညိုလေးတွေနဲ့ တစ်ယောက်ယောက်ကိုများကြည့်လိုက်လို့စွဲလမ်းသွားရင်ဘယ်လိုလုပ်မလဲ။မျက်ခုံးအလယ်ကမှည့်လေးကို သူတို့တွေသဘောကျသွားရင်ဘယ်လိုလုပ်မလဲ။သေချာပေါက် ကျွန်မပဲ စိတ်မောရမယ်မဟုတ်ပါလား ။

မဖြစ်‌ချေတော့။ ဒီမိန်းမကို ကျွန်မဝှက်ထားမှဖြစ်တော့မည်။

"ပြန်ဖြေဦးလေ ရှင်ရယ်..ကျွန်မမေးနေတဲ့ဟာကို"

"လာကြိုတာပါကွယ်..ကောင်မလေးကိုစိတ်မချလို့လာကြိုတာပါ"

ပြုံးစစအကြည့်နှင့်မခို့တရို့ရယ်နေပုံက
ရင်ခုန်ချင်စရာကောင်းလိုက်တာ။
အခုမှ သူ့ရဲ့အရင်ပုံစံလေးကိုပြန်မြင်လာရတော့သည်။

"စိတ်မချစရာဘာရှိလို့လဲ ရှင်ရဲ့"

"ကောင်လေးတွေကောင်မလေးတွေနဲ့ စိတ်မချလို့လေရှင်"

"ကျွန်မမှာရှင်ကလွဲပြီး ဘယ်သူမှမရှိတာသိရဲ့သားနဲ့"

"ဒီမှာ...အခုမရှိလည်းရှိလာမှာစိုးလို့လေ..တကယ်ပါပဲ သဝန်တိုနေတာကိုအလိုက်ကန်းစိုးမသိဘူး"

ရှင့်ကို ချစ်တယ်(သို့)အချစ် ဒီရေလှိုင်းWhere stories live. Discover now