အပိုင်း(၂၆)

662 82 1
                                    

Unicode

ယောပုဆိုးနဲ့တိုက်ပုံရင်စေ့ဖြူလွှလွှကိုဝတ်ထားတဲ့ ကိုမဏိသည် ဥပဓိရုပ်ကောင်းလှပါသည်။
သူက ကျွန်မကိုရော ကျွန်မချစ်သူကိုရော စည်းကမ်းတော့ရှိလှပါသည်။ ကျွန်မချစ်သူကို မသင်္ကာဖွယ်၊မနှစ်မြို့ဖွယ်အကြည့်ဖြင့်တောင် တစ်လမ်းလုံးသူမကြည့်ခဲ့ပါ။

ကျွန်မစိတ်ထဲတွင် တိတ်တခိုးအမှတ်ပေးလိုက်သည်။
ယောက်ျားဆိုတာ ဒါမျိုးဖြစ်နေရမှာပေါ့။

"ညီမ ဘာပန်းယူမလဲ"

လက်ထဲမှကြာပန်းခိုင်ကိုရွေးနေသော ကိုမဏိထံမှ အသံဖြစ်သည်။ သူနဲ့ရင်းနှီးသိကျွမ်းတဲ့ ကျွန်မချစ်သူကိုကျော်၍ ကျွန်မအားမေးမြန်းလာပါသည်။

"ညီမ ဘုရားပန်းမကပ်တော့ဘူးအစ်ကို"

"ဪ...ကောင်းပါပြီ"

"ဘာလို့လဲ"

ဒါကျွန်မချစ်သူပါ။ နှင်းဆီဖြူတွေကိုရွေးနေရင်းမှကျွန်မဘက်သို့လှည့်ကာခပ်ဆက်ဆက်လေးပြောလာပါသည်။

"ရှင် ပန်းကပ်ဦးမှာပဲ မဟုတ်ဘူးလား...
ရှင့်ကုသိုလ် ကျွန်မကုသိုလ်ပေါ့ရှင့်"

သူ့နားဆီသို့ကပ်ကာ တိုးဖွဖွလေးပြောလိုက်တော့ သူကဘေးသို့အနည်းငယ်ရွှေ့သွားသည်။
သူနား နားသို့ကပ်ပြောသဖြင့် ယားကျိသွားလို့ထင်ပါသည်။

"အို..ဘာမှမဆိုင်ဘူး..မင်းပိုက်ဆံမှ မပါဘဲ မင်းကုသိုလ်ရမတဲ့လား"

"ဘာဖြစ်လဲ ကျွန်မပိုက်ဆံမပါတော့...ရှင်ဘုရားပန်းကပ်နေတုန်း ကျွန်မလည်းရှင့်ဘေးကနေလိုက်ကပ်ပြီး ဆုတောင်းမှာပေါ့"

"လူလည်မလေးပါလား...တို့နီးနီးကပ်စေးနှဲလာပြီပဲ"

"ကျွန်မက ကပ်စေးမနှဲပါဘူးနော်...ရှင်နဲ့အတူတူရေစက်ပါချင်လို့ ရှင့်ကုသိုလ်ကိုမှီလိုက်တဲ့သဘောပါ"

ကိုမဏိကရွေးလို့ပြီးသွားပေမဲ့ သူသည်ရွေးလို့မပြီးသေးပါ။
ကိုမဏိကစောင့်နေရသဖြင့် ကြားထဲမှ ကျွန်မကအားနာလာသည်။ သူသည်တော့ ဘယ်သူ့ကိုမှမကြည့်ဘဲ နှင်းဆီတွေကိုသာဆက်ရွေးနေပါသည်။

"ကဲ...ပြီးပြီ...စောင့်ရတာကြာသွားပြီထင်တယ်"

သူသည် ကိုမဏိကိုဦးတည်ပြောဟန်ရှိသည်။

ရှင့်ကို ချစ်တယ်(သို့)အချစ် ဒီရေလှိုင်းWhere stories live. Discover now