အပိုင်း(၂၀)

1.7K 145 5
                                    

Unicode

မနက်၄နာရီလောက်တွင်သူပြန်သွား၏။
ဒါတောင် မပြန်ပါဘူးပြောနေသဖြင့်အတင်းပြန်လွှတ်လိုက်ရသည်။

ပြဿနာက မနေ့ညကသူလာသွားတာကို မမသိနေခြင်းပင်ဖြစ်သည်။

"လရိပ်..နင် လှိုင်းနဲ့ထပ်မပတ်သက်နဲ့တော့"

"မရဘူး"

"ငါပြောလို့မရရင် အမေ့ကိုတိုင်ပြောမှာနော်"

"မမကဘာဖြစ်နေတာတုန်း...သူ့ကိုလည်းငါနဲ့လမ်းခွဲဖို့ပြောခဲ့တယ်ဆို"

မမကအံ့ဩသွားပုံရသည်။ပြီးနောက် သူ့မှာအပြစ်မရှိသလို အနေအထားနှင့်အေးဆေးစွာပြန်ပြောပြန်၏။

"လှိုင်းကပြောပြတာလား"

"ဘာလို့အဲ့လိုလုပ်ရတာလဲ"

"လုပ်သင့်တယ်ထင်လို့လုပ်ရတာ..နင့်အတွက်နဲ့ ငါနဲ့လှိုင်းရဲ့ဆက်ဆံရေးကို အပြတ်တောက်ခံပြီးလုပ်ခဲ့ရတာနော်..ငါ့စကားကိုနားထောင်စမ်းပါ လရိပ်ရယ်"

မမကဒေါသသံမပါဘဲ အေးဆေးစွာပြောသည်။မမထင်နေတာက အခုလိုအေးအေးဆေးဆေးပြောရင် ကျွန်မကနားထောင်လိမ့်မယ်လို့ပေါ့။

ကျွန်မသည် ထိုမိန်းမနဲ့ပတ်သက်သမျှအရာတိုင်းတွင်ခေါင်းမာလှသည်။

"သူ့အမေ့ကြောင့်မလား"

"ဒါလည်းလှိုင်းကပြောတာလား"

"ဘယ်သူပြောပြောပါ...ငါကတော့ သူနဲ့လမ်းမခွဲဘူး"

"လရိပ်...လှိုင်းက နင့်ကိုတစ်ချိန်ကျရင်ပစ်သွားမှာကို ငါသိလို့တားနေရတာ...သူ့အမေကြောင့်မဟုတ်ဘူး"

"ငါသူ့ကိုယုံတယ်..သူငါ့ကိုချစ်တယ်...ဘယ်တော့မှပစ်သွားမှာမဟုတ်ဘူး"

ဒါကိုအကြွင်းမဲ့ယုံကြည်ခဲ့မိသည်။ကျွန်မကိုဘယ်တော့မှ ထားမသွားပါဘူးလို့ တစ်ထစ်ချယုံကြည်မိခဲ့သည်။

"လှိုင်းအမေကသူ့သမီးကို မိန်းကလေးတစ်ယောက်နဲ့ဘယ်တော့မှသဘောတူပေးမှာမဟုတ်ဘူး လရိပ်ရယ်..အဲ့လိုပဲ လှိုင်းကလည်းသူ့အမေဆန္ဒကိုလွန်ဆန်မှာမဟုတ်ဘူး..ညီမလေးကိုချစ်နေတယ်ဆိုရင်တောင် သူ့အမေဆန္ဒကိုလွန်ဆန်ပြီး ညီမလေးကို လက်မတွဲဘူး..မမကညီမလေးခံစားရမှာစိုးလို့ပြောနေတာပါ"

ရှင့်ကို ချစ်တယ်(သို့)အချစ် ဒီရေလှိုင်းWhere stories live. Discover now