အပိုင်း(၁၁)

2K 145 5
                                    

Unicode

"ပေး တို့သယ်ပေးမယ်"

"ရပါတယ်..ကျွန်မဘာသာပဲသယ်မယ်"

သူသည် ကျွန်မလက်ထဲက ကျောပိုးအိတ်ကိုတောင်း၏။အားနာသဖြင့်ငြင်းလိုက်ပါသည်။ကိုယ့်ဘာသာ သယ်လည်းရနေတဲ့ကိစ္စကို သက်သက်မဲ့အကူအညီမယူချင်ပါ။

"အင်းပါ ဒါဆိုလည်း..ဒါနဲ့လေ ဆွေးက
တို့အခန်းထဲမှာနေရမှာသိလား"

"ဟုတ်ကဲ့ ကျွန်မကဘာဖြစ်ဖြစ်အဆင်ပြေပါတယ်"

အဆင်ပြေတယ်ပြောလိုက်ပေမဲ့ အဆင်ပြေမယ်မထင်မိပါ။အနေရခက်မှာတော့ သေချာပါသည်။ကိုယ်ချစ်နေရတဲ့သူနဲ့ ရည်းစားလည်းမဖြစ်သေးတဲ့အခြေအနေရယ်၊ဖွင့်ပြောခံထားရတဲ့အခြေအနေမှာ ဘယ်လိုမှတော့ စိတ်ပေါ့ပါးနိုင်မှာမဟုတ်ပါ။

"လာ တို့နောက်ကလိုက်ခဲ့"

ကျွန်မခေါင်းညိတ်ပြလိုက်ပြီး သူ့နောက်ကလိုက်လာခဲ့လိုက်သည်။ကိုယ့်အိမ်ကိုယ်ယာလည်းမဟုတ်သလို၊ဧည့်သည်အနေဖြင့်လာခဲ့ရတာမို့ ရှိန်သလိုတော့ဖြစ်မိသည်။

"မေမေ...လှိုင်း နောက်ရက်တွေကျရင် ဆိုင်မလိုက်ဖြစ်သေးဘူးနော်"

လှေကားသို့တက်ခါနီးတွင် သူသည် သူ့အမေကိုဦးတည်ပြောလိုက်ဟန်ရှိ၏။ ကျွန်မသူ့အမေကိုရှာကြည့်ပေမဲ့ မတွေ့မိပါ။

"ရတယ်လေ သမီး"

ထိုအခါမှအသံလာရာကိုကြည့်လိုက်မှချောင်ကျကျနေရာလေးကနေ သူ့အမေထွက်လာသည်။ကျွန်မ သူ့အမေအားကြည့်လိုက်မိသည်။
သူ့ရုပ်က သူ့အမေနှင့်ဆင်သည်။မအေတူသမီးလို့ပြောလို့ရသည်။အသားအရေကတော့ သူ့အဖေကိုတူတာဖြစ်ရမည်။
သူ့အမေသည် အသားညိုသည်။သူကတော့ဖြင့် တူမတူအောင်ဖြူနေသည်။

သူ့အခန်းထဲအရောက်တွင် ကျွန်မလွယ်ထားသော ကျောပိုးအိတ်အားခုတင်‌ပေါ်သို့
ချလိုက်သည်။

"ဆွေး..နားချင်ရင်နားနော်..အိပ်ချင်လည်းအိပ်ပေါ့"

"ဟုတ်ကဲ့ပါ"

"အင်း"

"ရှင် ..နောက်ရက်တွေကျရင်ဆိုင်မသွားဘူးဆိုတာ ကျွန်မကြောင့်လားဟင်"

ရှင့်ကို ချစ်တယ်(သို့)အချစ် ဒီရေလှိုင်းWhere stories live. Discover now