အပိုင်း(၄)

2K 156 6
                                    

Unicode

"ဆွေး..တို့ဒီအစင်နဲ့လိုက်မှာလား"

သူပြတဲ့အစင်လေးသည်နို့နှစ်ရောင်လေးကိုမှ နှင်းဆီအနီပွင့်လေးများခပ်စိတ်စိတ်ဖောက်ထားသည်။သူနဲ့ဆိုလိုက်ဖက်တာထက်ပိုနေမှာသေချာသည်။

"ရှင်ကဘာဝတ်ဝတ်လှမှာပဲဟာ"

"ဟုတ်လား...မင်းမျက်လုံးထဲမှာတို့ကိုလှတယ်လို့ထင်တယ်ပေါ့"

မျက်နှာကပြုံးစစရယ်နှင့်။အောက်နှုတ်ခမ်းတစ်ဖက်ကိုကိုက်ကာ ကျွန်မကို ညှိ့သလိုမျက်ဝန်းများနှင့်ကြည့်လာသည်။

'ဘုရားရေ...နှုတ်ခမ်းကိုက်တာလည်းတတ်တာပဲလားရှင်ရယ်...'

"ရှင်ဘာလုပ်လုပ်လှနေတော့တာပဲ"

သွားပြီ။အသံထွက်သွားခဲ့ပြီ။တကယ်တော့ စကားနှစ်ခွန်းစလုံးကို စိတ်ထဲမှ ပြောလိုက်ခြင်းသာဖြစ်သည်။သို့သော် နောက်တစ်ခွန်းကိုတော့ စိတ်ထဲတွင်မထိန်းချုပ်လိုက်နိုင်ခဲ့ပါ။
ဘာပဲဖြစ်ဖြစ် မသိချင်ယောင်ဆောင်ရတော့မယ်မဟုတ်လား။သူလည်း သူ့အထည်သူအာရုံရနေတာနဲ့ကြားမှာမဟုတ်လောက်ဘူးမလား။သို့သော်...

"တို့ဘာလုပ်လုပ်လှတာလား"

"ရှင် ရွေးပြီးပြီလား"

သူပြောတာကိုမကြားဟန်ဆောင်လိုက်သည်။သူပြောတာကလည်းခပ်တိုးတိုးမို့ မကြားဟန်ဆောင်ရတာ ပီပြင်သွားသည်ထင်ပါရဲ့။သူလည်းထိုကိစ္စကိုတော့ဆက်မမေးတော့ပါ။

"ခဏတော့ စောင့်ပါဦး..တို့ကတစ်ထည်တည်းဝယ်မှာမှမဟုတ်တာ"

"ကျွန်မကူရွေးပေးရဦးမလား..."

"‌စေတနာရှိရင်ပေါ့"

"ရွေးပေးတာပဲ ဘာစေတနာထည့်စရာလိုတာမှတ်လို့"

"လိုတာပေါ့ဆွေးရဲ့...မင်းကတို့ကိုလှစေချင်တဲ့စိတ်လေးနဲ့ရွေးပေးတော့ စေတနာဖြစ်သွားတာပေါ့"

"မင်းကတို့ကိုတော့စေတနာရှိလောက်မှာပါ"

ဈေးရောင်းနေတဲ့ ကောင်မလေးတွေတောင် သူ့စကားကြောင့်ကြိတ်ပြီးရယ်နေကြသည်။သူကတော့ ဘာမှခံစားရပုံမ‌ပေါ်ပါ။ရုပ်တည်ကြီးနဲ့ သူ့အလုပ်သူလုပ်နေသည်။ကျွန်မမှာသာမျက်နှာဘယ်ထားရမယ်မသိဖြစ်နေရသည်။

ရှင့်ကို ချစ်တယ်(သို့)အချစ် ဒီရေလှိုင်းWhere stories live. Discover now