အပိုင်း(၉)

1.8K 163 9
                                    

Unicode

ဒီနေ့ မေမေနဲ့မမ မန္တလေးသွားကြမှာဖြစ်လို့ ကျွန်မက သူ့အိမ်ကိုသွားနေရမည်ဖြစ်သည်။သို့ဖြစ်သောကြောင့် ဗီရိုထဲမှကျွန်မ၏အဝတ်အစားများကို ကျောပိုးအိတ်ထဲသို့ ပြောင်းထည့်နေခြင်းဖြစ်သည်။

သူရောက်နေပြီထင်ရဲ့။သူ့ရဲ့ အသံစာစာလေးကိုကြားနေရပြီ။

တံခါးဖွင့်သံကြား၍ ကျွန်မလှည့်ကြည့်လိုက်တော့မေမေ။ အဝတ်အစားအသစ်များကိုလည်း လဲထားသည်။

"သမီး"

"ရှင် မေမေ"

"သူများအိမ်မှာ မျက်စိနောက်အောင်မနေရဘူးနော်"

"မနေပါဘူး မေမေကလည်း..ဒီလောက်တော့‌
သမီးသိပါတယ်"

မေမေက သူများအိမ်မှာထားခဲ့ရမှာ စိတ်မချကြောင်းအရင်ရက်တွေကလည်းတတွတ်တွတ်ပြောသေးသည်။ မမကတော့ ကျွန်မကိုစိတ်မချတဲ့ပုံမပေါ်ပါ။သူ့သူငယ်ချင်းကို အတော်ယုံစားထားပုံပေါ်သည်။

"အင်းပါ မေမေသိပါတယ်..သမီးက ဘယ်သူ့အိမ်မှလိုက်မနေဖူးတော့ မေမေတို့ဘယ်စိတ်ချမလဲ"

"ဟုတ်ကဲ့ပါ သမီးကိုဘာမှစိတ်ပူမနေနဲ့ ..ဟိုရောက်ရင်လည်းဖေဖေ့ကိုစိတ်မပူဖို့ပြောလိုက်ဦး မေမေ"

"အင်းပါ... ဒါဆို မေမေလုပ်စရာရှိတာလေးတွေလုပ်လိုက်ဦးမယ်..သမီးလည်းကြာမနေနဲ့တော့ အောက်မှာ သမီးကိုလာခေါ်တဲ့ မမရောက်နေပြီ"

"ဟုတ်ဟုတ် မေမေ...ပြီးပြီရယ်"

ကျွန်မယူစရာပစ္စည်းတွေကို အမြန်ထည့်လိုက်သည်။သူ့ကို အကြားကြီးစောင့်ခိုင်းရရင်အားနာရသည်။ကိုယ်က အကူအညီလည်းယူသေး အိမ်ထိလည်းသူကလာကြိုရသေးသည်။ဒီကြားထဲ ကိုယ်ကပါနောက်ကျနေရင် မကောင်းသေးပါ။

အောက်ကိုဆင်းလာလိုက်တော့ မမနဲ့စကားပြောနေတဲ့သူ့ကိုတွေ့သည်။သူသည်ဒီနေ့ ဝမ်းဆက်အနီလေးကိုဝတ်ထားသည်။
မမနဲ့စကားပြောရင်းကနေ ကျွန်မဘက်ကိုလှည့်လာသဖြင့်သူနဲ့အကြည့်ချင်းဆုံသွားသည်။
အစကတော့ အကြည့်လွှဲလိုက်မလို့ စိတ်ကူးမိသေး၏။သို့သော် အလုပ်မဖြစ်လိုက်ပါ။သူသည် ကျွန်မကို ရေးရေးလေးပြုံးပြလိုက်ခြင်းကြောင့်ဖြစ်၏။သူအပြုံးကဖြင့် အသက်မဝင်လှပါ။

ရှင့်ကို ချစ်တယ်(သို့)အချစ် ဒီရေလှိုင်းWhere stories live. Discover now