အပိုင်း(၁၆)

1.9K 158 15
                                    

Unicode

"ဒီနေ့လည်းအဆင်မပြေပါလား"

ဒီစကားသည် ကျွန်မအတွက်အထူးအဆန်းတော့မဟုတ်ခဲ့ပါ။‌ကျွန်မနေ့စဉ်ပြောနေကျစကားတစ်ခွန်းသာဖြစ်သည်။ဘယ်လိုပင်မေ့မေ့ပျောက်ပျောက်နေသော်ငြားလည်း မေ့မရခဲ့သလို ပိုလို့တောင်လွမ်းဆွတ်တမ်းတလာခဲ့ရသည်။နေနိုင်သူကနေနိုင်ခဲ့သလို ကိုယ့်ဘက်ကလည်းနေနိုင်အောင်ကြိုးစားခဲ့ရ၏။သို့သော် ကျွန်မရင်တွင်း၌ ကမ္ဘာပျက်နေတာတော့သူမသိနိုင်သလို ဘယ်သူမှလည်းသိလိမ့်မည်မဟုတ်ပါ။

ခေါ်မိမှာစိုး၍ဖျက်ပစ်ထားခဲ့သော နံပတ်တစ်ခုက ခေါင်းထဲတွင်အလွတ်ရနေတော့ခက်ချေပြီ။၃လတာဆိုတဲ့ကာလအတွင်းမှာ မဆက်သွယ်မိအောင်ကြိုးစားခဲ့သမျှ ဤနေ့တွင်တော့အရာထင်လိမ့်မည်မဟုတ်တော့ချေ။
အလွတ်ရနေသော နံပတ်အား ရိုက်ထည့်လိုက်မိ၏။
ဒီတစ်ခါခေါ်ဆိုမှုတွင် တစ်ဖက်ကအသံဖျော့ဖျော့လေးကိုကြားရသည်။သူ့ဘက်က မှားယွင်းပြီးကိုင်ခဲ့တာပဲဖြစ်ပါလိမ့်မည်။ကျွန်မဆက်တာကိုသာသူသိရင် ကိုင်လိမ့်မည်မဟုတ်ပါ။

"ဟဲလို"

"ဖုန်းကိုင်တယ်နော်....ကျွန်မမှန်းမသိလို့လား"

"သိပါတယ်"

'သိပါတယ်'တဲ့လား။

"ရှင် ဘာလို့ဒီလိုလုပ်ရက်ရတာလဲ"

သူ့ဆီမှတုံ့ပြန်စကားကိုမျှော်နေခဲ့ပေမဲ့ သူသည်တိတ်ဆိတ်နေခဲ့သည်။

"ရှင် ဖြေလေ..ဘာလို့လဲလို့"

"မင်းနဲ့တို့က မဖြစ်နိုင်ဘူး"

"ဘာလို့လဲ ဘာလို့မဖြစ်နိုင်ရတာလဲ"

"မင်းကမိန်းကလေးတစ်ယောက်ဖြစ်နေလို့"

"ဘာရယ်"

မိန်းကလေးတစ်ယောက်ဖြစ်နေလို့တဲ့လား။သူကိုယ်တိုင်ပဲ အဲ့ဒီမိန်းကလေးတစ်ယောက်ကို သူ့ဘက်ကစပြီးပိုးပန်းခဲ့တာပဲမဟုတ်လား။အခုမှ မိန်းကလေးတစ်ယောက်ဆိုတဲ့ အကြောင်းပြချက်နဲ့ သူဘက်က ရက်စက်နိုင်ခဲ့တယ်။

"ဟုတ်တယ် မင်းကမိန်းမတစ်ယောက်ဖြစ်နေလို့မို့ လက်တွဲဖို့အဖြစ်နိုင်ဘူး"

ရှင့်ကို ချစ်တယ်(သို့)အချစ် ဒီရေလှိုင်းWhere stories live. Discover now