အပိုင်း(၇)

1.7K 148 8
                                    

Unicode

"မမ"

"ဘာလဲ "

မမသည် ဟိုတစ်နေ့က သူ့သူငယ်ချင်းနဲ့ကိစ္စကို မကျေမနပ်ဖြစ်နေပုံရသည်။ပြန်ထူးတဲ့လေသံကက မာနေသည်။

"အစ်မဒီရေလှိုင်းရဲ့ ဖုန်းနံပတ် မမဆီရှိလား"

"ရှိတာပေါ့..ဘာလို့လဲ"

"ရှိရင် ငါ့ကိုပေးစမ်းပါ"

"ဘာလုပ်မလို့လဲ နင်က"

"ဖုန်းနံပတ်တောင်းပါတယ်ဆို ဆက်ဖို့ပေါ့"

"ဘာလို့ဆက်မှာလဲ နင်က"

"ဘာလုပ်လုပ်ပေါ့ ပေးမှာသာပေးစမ်းပါ မမရယ်"

သူ့ကိုပြန်တောင်းပန်ချင်လို့ဆိုတာကိုတော့ မပြောလိုက်ပါ။

"ဒီမှာ ကြည့်"

မမကသူ့ဖုန်းထဲက 'လှိုင်း'ဆိုတဲ့နာမည်နဲ့နံပတ်လေးကိုပြသည်။ကျွန်မ ထိုဖုန်းနံပတ်ကို ကျွန်မရဲ့ဖုန်းထဲ ချက်ချင်းရိုက်ထည့်ထားလိုက်သည်။

"ရပြီ မမ"

ဖုန်းနံပတ်ရရချင်း ကိုယ့်အခန်းထဲကိုပြန်လာခဲ့သည်။

ဖုန်း contactsမှာ သူ့နာမည်ကို ဘာပေးရမလစဥ်းစား‌နေရသည်။သူ့နာမည်လေးကလှတယ်ဆိုပေမဲ့ သူ့နာမည်အတိုင်းမပေးချင်ပါ။

နောက်ဆုံးတော့'ရှင်'ဆိုပြီး တစ်လုံးတည်းသာမှတ်ထားလိုက်တော့သည်။

သူ့ဆီကိုဖုန်းခေါ်ချင်ပေမဲ့ မခေါ်ရဲပြန်ပါ။သူမေးလာရင် ဘယ်လို‌ပြန်ပြောရမယ်ဆိုတာလည်း မတွေးတတ်ဖြစ်ရ၏။

'ဘာလို့ စိတ်ကောက်သွားရတာလည်းရှင်ရယ်..ဒီမှာကျွန်မအခက်တွေ့နေရပြီ သိရဲ့လား'

ခေါ်မယ်လုပ်လိုက်ပြန်ချလိုက်နှင့် အခါ၂၀ပင်ကျော်တော့မည်။

'ဘာဖြစ်ဖြစ်ဟာ ခေါ်ပြီ'

သူ့ဖုန်းကိုခေါ်လိုက်ပေမဲ့ သူ့ဖက်က ပြန်ဖြေလာရင် ကျွန်မဘယ်လိုရင်ဆိုင်ရပါ့မလဲ။
ကျွန်မမှာ ပြောစရာစကားတို့ရှိမနေပါ။

"ဟဲလို"

အသံချိုချိုလေးကိုစတင်ကြားလိုက်ရသည်။ သူ့အသံလေးကအစချစ်လိုက်တာ။
ကျွန်မမဟုတ်တဲ့ အခြားသူတွေအပေါ်မှာရော အခုလိုချိုသာနေမှာပဲဆိုတဲ့ အသိဝင်မိတော့ ရင်ထဲအောင့်သက်သက်ခံစားရသည်။
အခုလည်း တစ်ဖက်လူကဘယ်သူရယ်မှန်းမသိပါဘဲ ချိုသာနေလိုက်တာ။

ရှင့်ကို ချစ်တယ်(သို့)အချစ် ဒီရေလှိုင်းWhere stories live. Discover now