Unicode
"ဟဲလို မမ"
အိပ်ချင်စိတ်မပြေသေး
သဖြင့် အိပ်ရာထက်မှလေးပင်စွာထူးလိုက်သည်။မျက်လုံးနှစ်လုံးကိုလည်းမှိတ်ထားဆဲ။
သူက ကျွန်မဘေးမှာ အိပ်နေဆဲဖြစ်သည်။မမကလည်း စောစောစီးစီးဘာကိစ္စနဲ့ဖုန်းဆက်သလဲ မသိပါ။
"ဖေဖေ ဒီနေ့ပြန်ရောက်မှာ...ဒီနေ့ပြန်လာခဲ့တော့နော်"
"ဟုတ်လား မမ..ဖေဖေကဘယ်အချိန်ပြန်ရောက်မှာတဲ့လဲ"
အိပ်ချင်စိတ်ပျောက်ကာ ချက်ချင်းငုတ်တုတ်ထထိုင်လိုက်သည်။
ဖေဖေကလည်း ပြန်လာမဲ့အကြောင်းကိုကြိုမပြောထားပါ။
အင်းလေ။ ကျွန်မကလည်း ဖေဖေနဲ့ဖုန်းမပြောတာပဲ ကြာနေပြီကို။"၈နာရီလောက်လို့တော့ပြောတယ် ..စောချင်လည်းစောမှာပေါ့၊ နောက်ကျရင်လည်းကျမှာပေါ့"
"အင်းပါ...ပြန်ခဲ့မယ်လေ"
"အင်း အင်း...ဒါပဲ"
မမတဲ့ဖုန်းပြောရင်အပိုတွေမပြောဖြစ်ကြပါ။လိုရင်းကိုပြောကာ ဖုန်းချလိုက်တာများသည်။
ဖေဖေပြန်လာမှာတဲ့လား။
ဒီနေ့ကျောင်းတစ်ရက်ပျက်လိုက်တော့မည်။
စာမေးပွဲတွေနီးနေပြီဖြစ်သဖြင့် ဖြစ်နိုင်ရင်တော့မပျက်ချင်ပါ။
ဒါပေမဲ့လည်း ဖေဖေ့ကိုတွေ့ချင်လှပြီ။အိပ်နေတဲ့သူ့မျက်နှာလေးကိုကြည့်လိုက်မိတော့ ကျွန်မစိတ်ထဲ လွမ်းသလိုလိုခံစားလာရသည်။
သူနဲ့ ခဏလေးခွဲရမှာကိုပဲ တကယ်မနေနိုင်တော့ဘူးပဲ။ကျွန်မအိပ်ရာပေါ်သို့ပြန်လှဲချရင်း သူ့ဆီသို့တိုးကပ်ကာ သူ့ကိုဖက်ထားလိုက်သည်။
ထပ်ပြီး သူ့ပါးများကိုနမ်းလိုက်သည်။
ဘယ်လိုလုပ်ရပါ့မလဲ။ဒီမိန်းမကိုအသားယူချင်နေမိတော့သည်။"ဆွေး"
"ဟင်"
"မင်းအဖေပြန်ရောက်နေတာတဲ့လား"
သူကမျက်လုံးမဖွင့်ပါဘဲ မေးလာပါသည်။
ကျွန်မဖုန်းပြောတာကိုကြားသွားတာပဲ။"အင်း...အခုမရောက်သေးပါဘူး..၈နာရီလောက်မှပါ"
"ကျောင်းသွားဦးမှာလား ကလေး"
YOU ARE READING
ရှင့်ကို ချစ်တယ်(သို့)အချစ် ဒီရေလှိုင်း
Romanceသိပ်ချစ်တာပဲ ရှင်ရယ်.... ရှင့်ရဲ့ မျက်ဝန်းညိုလေးတွေကိုသိပ်ချစ်တာပဲ ရှင့်ရဲ့စကားပြောဟန်လေးကို သိပ်ချစ်တာပဲ ရှင့်ရဲ့အမူအရာလေးတွေကိုသိပ်ချစ်တာပဲ နှလုံးသားမှာနှစ်ဝင်သွားတဲ့ ဆူးတစ်ချောင်းဟာ ရှင်ပါပဲ ရှင်ရယ် .. ရှင့်ကိုလေ သိပ်ချစ်တာပဲ...သိပ်ချစ်မိတာပဲရှင...