အပိုင်း(၂၅)

663 73 2
                                    

Unicode

သူကတော့ မှန်ရှေ့မှာ မြန်မာဝတ်စုံအနီရောင်လေးနှင့် ခန္ဓာကိုယ်ကို ဟိုယိမ်းဒီယိမ်းလုပ်ကာ လှချင်တိုင်းလှနေသည်။
ပဲကလည်း တယ်များပါသေးတယ်။

ကျွန်မမှာတော့ သူ့အိမ်မှာတစ်ညတည်းနေကမယ်အထင်နဲ့ အဝတ်အစားအပိုနှစ်ထည်ထည်သာ ယူလာမိသည်။တစ်ထည်က မနက်ကရေချိုးပြီးကတည်းကလဲထားသဖြင့် တစ်ထည်သာကျန်တော့သည်။ဒါကလည်း မြန်မာဝတ်စုံမဟုတ်ပါ။
တော်သေးတာက ဘောင်းဘီရှည်ဖြစ်နေတာပဲ။

အရင်ထက်ပိုရှည်လာတဲ့ ဆံပင်တွေက သူ့ခါးအထက်တွင်ဖြာဝဲနေသည်။ တစ်စွန်းတစ်စ မဆိုသလောက်လေးပေါ်နေသော ဗိုက်သား အချို့ကြောင့် စိတ်ထဲနှမြောမိသွားသည်။
ဒီပုံအတိုင်းဆို ကျွန်မသဝန်တိုရပါလိမ့်ဦးမည်။

"ဆွေး"

"ဟင်...ဟင်"

"ဘယ်တွေးငေးနေတာလဲကွယ်....တို့ကိုခေါင်းကူဖြီးပေးနိုင်မလား"

"ဟုတ်ကဲ့...ရတာပေါ့ရှင့်"

ကျွန်မသူ့ဆီသွားရန်ပြင်နေခိုက် သူသည် ကျွန်မဆီသို့ရောက်လာသည်။
သူ့လက်ထဲတွင် သစ်သားဘီးလေးပါလာသည်။

"ဒီမှာထိုင်ဖြီးလေ ဆွေး"

"အင်း...ဟုတ်သားပဲ"

ကျွန်မသူ့ဆံပင်များကို ထိကိုင်လိုက်သည်နှင့် ရင်ခုန်လာမိပြန်သည်။
အရင်ထက်တော့ အနည်းငယ်ပိုရဲတင်းလာပါသည်။
ဆံပင်ထူထူတွေကလည်း အရင်းအတိုင်းထူထဲနက်မှောင်နေသည်။

သူ့ဆံပင်လေးများ ကျွတ်သွားမှာစိုး၍ ခေါင်းဖြီးဖြင့်သာသာလေးဖြီးနေမိသည်။

"ပြီးပြီးနော်.…ရှင်"

"ကျေးဇူးတင်ပါတယ် ကလေး"

သူသည် ကျွန်မဘက်ကို လှည့်လာသဖြင့် သူ့ပါးလေးကိုနမ်းလိုက်မိသည်။
ဒီလောက်လှနေတာ ကျွန်မ သဘောကျတာပေါ့။ အခုမနမ်းလိုက်မိလို့ ဘုရားပေါ်မှာနမ်းမိရင် အမြင်အသင့်တာတွေဖြစ်ကုန်ဦးမယ်လေ။

"အို...ဘာလုပ်တာတုန်း"

"ကျေးဇူးတွေမတင်တော့အောင် ယူလိုက်တာလေ....ကဲ ...ရှင့်မှာကျွန်မကိုဆပ်စရာ ကျေးဇူးမရှိတော့ဘူး"

ရှင့်ကို ချစ်တယ်(သို့)အချစ် ဒီရေလှိုင်းWhere stories live. Discover now