အပိုင်း(၁၅)

2.2K 166 14
                                    

Unicode

"နေတို့တောင်ပြန်လာတော့မယ်နော်...တို့ ဆွေးနဲ့ခွဲရတော့မှာပေါ့နော်"

သူ့မျက်ဝန်းလေးများသည် ညှိုးငယ်နေသည်။

"ကျွန်မအိမ်ကိုပြန်သွားရုံပဲကို...ရှင် လာတွေ့လည်းရနေတာပဲ"

"လာတွေ့မှာက ဟုတ်ပါတယ်...ဒါပေမဲ့ တို့အိမ်မှာပဲအမြဲထားချင်မိနေတာကို"

ကျွန်မ သူ့ကိုမျက်စောင်းထိုးလိုက်သည်။
သူစကားတတ်တိုင်း သိပ်ပြောတာပဲ။

"ရှင်နော် ဘာလုပ်တာလဲ"

"နမ်းတာလေ နမ်းတာ"

ကျွန်မပါးကိုသူ့နှုတ်ခမ်းနဲ့ မထိတထိလာလာ‌စနေသည်။

"ဘာလဲ မရဘူးလား"

"ကျွန်မကိုအသားယူဖို့ပဲစဉ်းစားမနေနဲ့နော်...အတည်ယူဖို့လည်းစဉ်းစားဦး"

"ဟုတ်ပါပြီ"

သူသည် ရုတ်တရက် ကားအရှိန်ကိုမြှင့်လိုက်၏။ကျွန်မ ခပ်ကြောင်ကြောင်ဖြစ်သွားမိသည်။သူ့ကွေ့သွားတဲ့လမ်းက သူ့အိမ်ကိုသွားနေတဲ့လမ်းမဟုတ်တော့။

"ဘာလို့ကားကို အဲ့ဒီလောက်ထိမြန်အောင်မောင်းနေရတာလဲ ရှင်ရဲ့"

"မင်းကိုခိုးပြေးမလို့"

"ဟမ်"

ကျွန်မ ကြောင်တောင်တောင်ဖြစ်သွားရပြန်သည်။သူ့ပုံစံက နောက်နေတဲ့ပုံလည်းမပေါ်ပါ။
သူတဇွတ်ထိုးဆန်တာသိသည်မို့ ကျွန်မစိတ်ထဲ တကယ်များလားဟု ထင်သွားမိသည်။

"ရှင် အဲ့ဒီလိုလုပ်လို့မရဘူးလေ"

"ဘာလို့မရတာလဲ ပြောပါဦး"

"ရှင်တကယ်ပြောနေတာလား"

"တကယ်ပေါ့ နောက်နေစရာလား"

ပြောနေပုံကမုန်းချင်စရာကောင်းလိုက်တာ။စိတ်ရှိလက်ရှိသာ ထုရိုက်ပစ်ချင်တော့သည်။

"ကျွန်မအသက်ကငယ်သေးတယ်လေ ဘယ်လိုလုပ်ပြီးခိုးပြေးလို့ဖြစ်မှာလဲ"

"မင်း၁၈နှစ်ပြည့်ပြီးပြီပဲ..ဘာကိုကြောက်နေတာလဲ ကလေးရဲ့"

"မရဘူးလေ အဲ့ဒီလိုလုပ်လို့"

ရှင့်ကို ချစ်တယ်(သို့)အချစ် ဒီရေလှိုင်းWhere stories live. Discover now