အပိုင်း(၂၂)

753 78 2
                                    

Unicode

ကျွန်မကို သူလာခေါ်မည်ဟု ပြောထားသဖြင့် မျှော်နေရသည်မှာမနက်ကတည်းကပင်။ယခုမူ အချိန်အားဖြင့် ညနေ၃နာရီ။
မနက်ကတည်းက ညနေရောက်သည်အထိဆိုမှဖြင့် ကျွန်မသူ့ကိုစောင့်နေရသည့်အချိန်မှာမနည်းတော့။

"လရိပ်"

"ဟင်..မမ"

ကျွန်မထိုင်နေရာနေရာသို့ မမရောက်လာ၏။

"လှိုင်းကိုမျှော်နေတာလား"

ဟာ မမသိသွားပြီ။ရှက်ဖို့ကောင်းလိုက်တာ။

အင်း..မဟုတ်လည်း သူလာရင်မမသိမှာပဲဟာ။ သိသွားတော့လည်းကောင်းတာပေါ့။

"သူ အခုထိမလာသေးလို့မမ"

"ခဏနေ ရောက်တော့မယ်လို့သူဖုန်းဆက်တယ်"

"ဟုတ် မမ"

သူက ကျွန်မဆီကိုဖုန်းမဆက်ဘဲ ဘာကြောင့်များမမဆီကိုကျော်ပြီးဖုန်းဆက်ရသလဲ။ကျွန်မစိတ်ထဲ မကျေမနပ်ဖြစ်သွား၏။

၄နာရီစွန်းစွန်းအချိန်တွင် ကျွန်မတို့အိမ်ရှေ့သို့ အပြာရောင်ကားလေးတစ်စီးရပ်လာသည်။
ကျွန်မစိတ်ထဲ သူ့ကားဟုထင်မိသွားသည်။သို့သော် မဖြစ်နိုင်ဘူးဆိုတဲ့အသိကချက်ချင်းကပ်လိုက်၏။
သူကားသည် အနက်ရောင်ဖြစ်သည်။ ယခုကားသည် အပြာရောင်မဟုတ်ပါလား။

"ရှင်ပဲ"

သူပဲ။ ကားအသစ်လဲလိုက်တာထင်သည်။
ကားပေါ်မှ ဆင်းလာတဲ့အမျိုးသမီးသည် ကျွန်မချစ်ရတဲ့ မိန်းမပါ။

ကျွန်မ အိမ်ရှေ့တံခါးကို အလျင်အမြန်ဖွင့်ပေးလိုက်သည်။

"ရှင် ရောက်တော့လာသေးသားနော်"

"အဟင်း..မင်းကိုလာခေါ်မယ်ပြောထားသားနဲ့ကို"

ကျွန်မမှာ မနက်ကတည်းကမျှော်နေမိတဲ့အကြောင်းအားမပြောလိုက်ဖြစ်ပါ။

"မနက်ကတည်းက တို့လာခေါ်မလို့ပါပဲ..ကားအသစ်သွားကြည့်နေတာမို့နောက်ကျသွားတာ"

ကျွန်မ ထိုအခါမှကားကိုသေချာကြည့်မိသည်။လုံးဝကိုအသစ်ပဲ။

ကျွန်မသူ့ကို‌ မနက်ကတည်းကမျှော်နေတဲ့အကြောင်းမပြောဖြစ်လိုက်တာပဲ တော်သေးသည်။ မဟုတ်ရင် သူကျွန်မကိုစောင့်စားနေမိတဲ့အတွက် သူ့အနေရခက်လိမ့်မည်။

ရှင့်ကို ချစ်တယ်(သို့)အချစ် ဒီရေလှိုင်းWhere stories live. Discover now