အပိုင်း(၁၉)

1.8K 147 7
                                    

Unicode

"ဟော..ရှင်မအိပ်ဘူးလား"

သူသည် အိပ်ပုံမရပါ။
ကျွန်မကို စူးစိုက်စံာကြည့်နေ၏။

"ဟင့်အင်"

ကျွန်မသည် အိပ်ရေးပျက်မခံနိုင်တဲ့သူမျိုးဖြစ်သည်။သူနဲ့အတူရှိချိန်လေးမို့ မအိပ်ဘဲနေရန်အားတင်းထားသော်လည်း အိပ်ငိုက်လာ၍ ခဏဆိုပြီး အိပ်လိုက်မိ၏။
ကျွန်မနိုးလာတော့ သူသည်ကျွန်မကိုငေးစိုက်ကြည့်နေသည်။

"ဘာလို့မအိပ်ရတာလဲ ရှင်ရယ်"

"မင်းနဲ့ အခုမှပြန်တွေ့ရတာလေ..တို့အိပ်လိုက်ရင် အချိန်တွေနှမြောစရာကြီးဖြစ်သွားမှာပေါ့ ဆွေးရယ်"

"ရှင်ကလည်း"

တကယ်ပဲ ကလေးဆန်လိုက်တာ။

"တို့က အချိန်အကြာကြီးလွမ်းနေခဲ့ရတာကိုကွယ် "

"ပြီးတော့"

"မင်းမျက်နှာလေးကိုကြည့်ချင်လို့ကို မအိပ်တာ"

သူက စကားတစ်လုံးချင်းကို ခွဲပြော၏။

"မလွမ်းဘူးမလား တို့ကို"

"မလွမ်းဘဲနေမလား ရှင်ရယ်"

"မယုံပါဘူးနော်"

"တကယ်လွမ်းနေတာပါ ရှင်ရဲ့...ရှင့်ကိုလွမ်းလို့ငိုခဲ့ရတာတွေရှင်မှမသိဘဲနဲ့"

တဖြေးဖြေး တိုးကပ်လာတဲ့သူ့မျက်နှာအား မရှောင်တိမ်းမိ။သူ့မျက်လုံးတွေသည် ကျွန်မရဲ့နှုတ်ခမ်းဆီအရောက်တွင်တော့ နှလုံးခုန်နှုန်းတွေ ပုံမှန်ထက်မြန်ဆန်လာတော့သည်။

"တို့ကိုလွမ်းတယ်လို့သာပြောနေတာ အခုထိ လည်းမနမ်းသေးဘူးနော်"

"ဟို..ဟို...အဲ့ဒါက"

ချက်ချင်းပင် တစ်ကိုယ်လုံး ပူသလိုလိုခံစားလာရသည်။

"ဆွေး"

"ရှင်"

"ချစ်တယ်"

စူးရှရီဝေလျက်ရှိတဲ့ အညိုရောင်မျက်ဝန်းတို့အား မျက်ကွယ်ပြုဖို့အင်အားမရှိခဲ့။
ထိုအခိုက်အတန့်သည် အညိုရောင်ကမ္ဘာမြေပေါ် ရောက်ရှိသွားသည့်နှယ် အဖိုးတန်လွန်းလို့လေ။

ရှင့်ကို ချစ်တယ်(သို့)အချစ် ဒီရေလှိုင်းWhere stories live. Discover now