His Past

620 65 0
                                    

Chapter-3

ငွေစန္ဒာလရောင်ဆန်ေးသာ ညတစ်ညဝယ် soo တစ်ယောက်ပင်လယ်ပြင်ကိုငေးကာ စကားတွေပြောနေမိသည် သူမရဲ့ခံစားချက်တွေကိုရင်ဖွင့်နေမိသည် ရုတ်တရက် kai ကရောက်လာပြီး ကောင်မလေးတစ်ယောက်အကြောင်းပြောရန် စကား စလာသည် အမြဲဒီလိုဖြစ်နေကြပါ kai ပြောချင်တာပြော soo ကဘာဖြစ်ဖြစ်အကုန်နားထောင်ပေးရသည် အခုလည်း

"ဒီတစ်ယောက်က မတူဘူးဟ"

"ဘာတွေဖြစ်ပြန်ပြီလဲ"

"ငါ့ဆီမှာရင်ဖွင့်စရာ နင်တစ်ယောက်ဘဲရှိတာပါ နင်ကလည်းစကားအကောင်းပြောမလို့"

"ပြောပါ ပြောပါ"

"ငါသူ့အကြောင်းနင့်ကို တစ်ခါမှမပြောရသေးဘူး"

soo စဉ်းစားရကျပ်သွားသည် သူမ ကောင်မလေးအားလုံး၏အကြောင်းကိုသိတာများသည် တစ်ခါတစ်လေ kai က သူမကိုစုံစမ်းခိုင်းသည် အခုပြောပုံဆိုအသစ်လား သူမငိုချင်စိတ်ကိုမနည်းထိန်းကာ

"ဘယ်သူလဲ"

"Lee jung yoo"

နာမည်တစ်လုံးချင်းစီကို အာရုံစိုက်ပြောနေသော သူအသံမှာ ကြေကွဲဝမ်းနည်းမှုတွေအပြည့်ဖြစ်နေသည်ကို သူမကောင်းကောင်းကြီးသတိပြုမိသည်

"နင့်အချစ်ဦး"

"အေး.."

သူတို့နှစ်ယောက်သောင်ပြင်တွင်ထိုင်ကာ ပင်လယ်ပြင်ကိုသာဆက်ငေးကြည့်နေမိသည် ပတ်ဝန်းကျင်ကလည်း ညနက်နေသည်မို့ လှိုင်းသံ လေသံတဝုန်းဝုန်းမှ လွဲလျှင်တိတ်ဆိတ်လျက်ရှိသည် သူတို့နှစ်ယောက်ဘေးချင်းယှဉ်ထိုင်ကာ ဘာစကားမှ ဆက်မပြောကြ......

မနေနိုင်သူ soo ကဘဲ

"နင်သူအကြောင်းကို သိပ်မပြောဘူးနော် သူကဘယ်လိုလူမျိုးလဲ"

"အခုပြောမယ်..အကုန်ကိုပြောပြမယ်"

________________

နေရောင်ဖျော့ဖျော့ လွမ်းခြုံထားသော မြို့လေးတစ်မြို့ ဖွံ့ဖြိုးတိုးတက်နေသောမြို့ကြီးမဟုတ်ပေမယ့် နေထိုင်ရန်သင့်တော်သော လူဦးရေမျှတသော မြို့လေးတစ်မြို့ ထိုမြို့လေး၏အဓိကကျသော ကျောင်းတစ်ကျောင်း...ညနေကျောင်းဆင်းချိန်တွင် ထိုကျောင်းမှ အရွယ်မျိုးစုံသော ကျောင်းသားကျောင်းသူများတစ်ဖွဲဖွဲထွက်ကာ အသီးသီးသော အိမ်သို့ပြန်ကြချိန်...

Invisible FutureWhere stories live. Discover now