Past or Just A Dream?

579 42 3
                                    

Chapter - 23

မြက်ခင်းများနှင့် စိမ်းစိုနေသော ကြီးမားသည့် ခြံဝင်း၏အလယ်တွင် တည့်တယ်စွာတည်ရှိနေသော တိုက်အိမ်ကြီးတစ်လုံး...
ထိုခြံဝင်းကြီး၏ရှေ့တွင် ကားအဖြူလေးတစ်စီး လာရပ်သည် ကားရပ်ပြီး အချိန်သိပ်မကြာခင်မှာဘဲ အနက်ရောင် ခြံတံခါးကြီးကပွင့်ထွက်လာပြီး ဂါဝန်ပန်းနုရောင်လေးဝတ်ထားသော ကလေးတစ်ယောက် ပျော်ရွှင်မြူးတူးစွာထွက်ပေါ်လာသည်

"Oppa ,unnie"

"Juju လေး"

ကားပေါ်က အသားဖြူဖြူကလေးနှစ်ယောက်ဆင်းလာသည် ထိုအခါအိမ်ထဲမှပြေးထွက်လာသော ကလေးငယ်လေးက ပြေးဖက်ကာစီးကြိုသည် ထို့နောက်ကလေးငယ်သုံးယောက် အိမ်ဝင်းကြီးအတွင်း တိုးလျိုဝင်ရောက် ပျောက်ကွယ်သွားသည်

-----

"ဟာ juju နိုင်တာလေ oppa ကလည်း"

"Oppa နိုင်တာပါဆို နော် noona ကျွန်တော်နိုင်တာကို"

"ဟာ ရဘူး ရဘူး juju နိုင်တာ"

ကောင်းကင်ပြာပြာအောက်မှာ လေပြေညင်းလေးနဲ့အတူ ပြေးလွှားဆော့ကစားရါမှ ကလေးသဘာဝ အနိုင်အရှုံးငြင်းခုံနေကြသော အသံများက ခြံဝင်းအတွင်းပျံ့လွင့်လို့....
ထိုစဉ် ခြံဝင်းတံခါးကြီးက ပွင့်သွားပြီး အနက်ရောင်ကားကြီးတစ်စီးသည် မျက်ခင်းပြင်ကိုဖြတ်၍ အိမ်ရှေ့အထိမောင်းနင်သွားသည်

"ဘယ်သူလဲ oppa"

"ငါဘယ်သိမလဲ နင့်အိမ်လာတဲ့ဧည့်သည် နင်တို့ဧည့်သည်ပေါ့"

"အင်းနော် ဦးလေး မိတ်ဆွေတွေနေမှာပေါ့"

"Appa မိတ်ဆွေ??"

ပဟေဠိများနှင့် ကလေးသုံးယောက်ကတော့ ဖြတ်သွားသည့် မမြင်ဖူးသောကားအနက်ကြီးကိုငေးမော့လို့...

-----

"လာ ဒီအငယ်နှစ်ပြောရဆိုရ တယ်ခက်ပါလား"

"Unnie"

"Noona"

"အေးပါ အေးပါ ကဲ ငါအရှုံးပေးတယ် လာအိမ်ထဲဝင်"

ဧည့်ခန်းထဲတွင် ဧည့်သည်များရှိနေသောကြောင့်  သုံးယောက်သား အိမ်နောက်ပေါက်ကာ ဝင်ကာ အိမ်ပေါ်ထပ် အိပ်ခန်းထဲသို့ ပြေးတက်သွားကြသည်

Invisible FutureWhere stories live. Discover now