So Lucky To Have You

545 58 0
                                    

Chapter-13

တားဆီးရပ်တန့်၍ မရသောအရာတစ်ခုဖြစ်သည့် အချိန်သည်လည်းကုန်ခဲ့ချေပြီ တစ်လဆိုသောအတိုင်းအတာကာလလေးသည် Kim Kai နှင့် Do KyoungSoo တို့အတွက် မျက်စိတစ်မှိတ်အလား..... တစ်နေ့ပြီးတစ်နေ့ ဖုန်းတွေပြော msg ပို့ မုန့်အတူတူစား ဓာတ်ပုံတွေရိုက် ရုပ်ရှင်တွေကြည့်ကြနှင့် ချစ်သူတို့၏အချိန်ကို ပျော်ပျော်ကြီးကုန်ဆုံးခဲ့ကြသည် ကမ္ဘာလောကကြီးသာယာပါဘိ ..... မမေ့နိုင်သောအဖြစ်အပျက်တို့ကလည်းများပြားပါဘိ .... ဒီနေ့တော့ soo တစ်ယောက်အိပ်ရာထကတည်းက ရင်ခုန်တွေခုန်ရပါ၏ .... Anniversary .... သူများတွေပြောပြောနေကြသော ထိုနှစ်ပတ်လည်နေ့ကိုသူမကြုံတွေ့ရတော့မည် ဒီနေ့ကား သူမတို့ချစ်သူသက်တမ်းတစ်လပြည့်သည့်နေ့ အိပ်ရာထကတည်းကစိတ်နှင့်ကိုယ်နှင့်မကပ် kai သူမကိုဘယ်လို surprise လုပ်မလဲဆိုတာတွေးရင်းနှင့်ပင် ရင်ခုန်ရသည် Baekhyun ကပြောသည် Chanyeol ဆိုသူမကို Anniversary မှာ surprise တွေလုပ်တတ်တယ်တဲ့ အဲ့တော့ soo တို့ကမျှော်လင့်ရသည်ပေါ့ သူမလည်းချစ်သူရှိတဲ့မိန်းကလေးဘဲလေ ရင်ခုန်ချင်တာပေါ့... သို့သော်... သို့သော်... ကံကြမ္မာကသူမကို မျက်နှာသာမပေးခဲ့ပါ Kai အစ်မနေမကောင်းဖြစ်နေသည် Kai တွင်အစ်မသုံးယောက်ရှိသည် နှစ်ယောက်က UK တွင်မိဘတွေနှင့်နေသည် အလတ်တစ်ယောက်ကသင်္ဘောသားနှင့် အိမ်ထောင်ကျပြီး korea တွင်သာနေသည် ယခု ရွှေယောက်ဖကသင်္ဘောတက်သွားတော့ အစ်မနှင့်တူလေးသာကျန်သည် နေမကောင်းဖြစ်နေ၍ kai ကအနီးကပ်ပြုစုနေရသည် အဲတာကြောင့် Anniversary day တွင်အချိန်ပြည့်အတူမနေနိုင်ပါ soo တို့ကြေကွဲရသည်ပေါ့... နို့ပေမယ့် သူမနားလည်ပေးနိုင်ပါသည် ချစ်သူကိုအတင်းအကျပ်ချုပ်ချယ်တတ်သည့်မိန်းကလေးမျိုးတွင် သူမ မပါပါ ညနေကျလျှင် ရုပ်ရှင်သွားကြည့်ကြမည်ဟု kai ကပြောသည် Surprise လုပ်စရာလည်းပါသည်ဟုလည်းပြောသည် soo တို့ နေအမြန်ဝင်ရန်ဆုတောင်းရပါ၏....ယနေ့ကျမှ soo အတွက်အချိန်တွေကနှေးနေသလို ရပ်တန့်နေသလိုခံစားရသည် သူမဘယ်လောက်စိတ်စောနေလဲတော့မသိ သူလာခေါ်လျှင်အဆင်သင့်ဖြစ်အောင် ရေချိုး အဝတ်အစားလဲ ဖီးလိမ်းပြင်ဆင်ပြီး အိမ်ကမသိအောင် အခန်းထဲဝင်အောင်းနေလိုက်သည်
ခုတင်ပေါ်တွင်ထိုင်ကာ စိတ်ကူးပန်းချီကိုလှလှကြီးရေးဆွဲနေမိသည် Suprise က drama တွေထဲကလို ခေတ်ဆန်ဆန်လေးလား... ဝတ္ထုတွေထဲကလို ကဗျာဆန်ဆန်လေးလား... ပုံပြင်တွေထဲကလို မှော်ဆန်ဆန်လေးလား... အင်း.... ဘယ်လိုဖြစ်နိုင်မလဲ .... Kai ကသူမကိုနီရဲနေတဲ့ နှင်းဆီနီပန်းစည်းကြီးကိုလက်နောက်မှာဖွက်ပြီး ရုတ်တရက်ဒူးထောက်ပြီးပေးရင်ရော အဲ့လိုဆို ပန်းစည်းကြီးကိုအားရပါးရမွှေးပစ်ပြီး အိမ်ပြန်ရောက်ရင်ပန်းအိုးအိုးလှလှလေးထဲမှာထိုးစိုက်ထားလိုက်မှာ..... ဒါမှမဟုတ် romantic ဆန်တဲ့စားသောက်ဆိုင်ထဲမှာစားရင် သူမစားနေတဲ့မုန့်ထဲမှာ ငွေရောင်လက်စွပ်လေးထွက်လာရင်ရော.. အဲ့လိုဆိုမုန့်စားရင်ဖြေးဖြေးဝါးမှ ...မုန့်ထဲမထည့်ဘဲနဲ့ western countries တွေကလို တယောလေးတွေထိုးပြီး ဒူးထောက်လက်ထပ်ခွင့်တောင်းရင်ရော....အို.... လက်ထပ်ခွင့်တောင်းဖို့ကလိုပါသေးတယ် ...အင်း... Teddy Bear ဖြူဖြူဖွေးဖွေးလေးကိုအမှတ်တရအနေနဲ့ပေးရင်ရော ဒါလည်းအလွမ်းပြေကြည့်ရင်း ဖက်အိပ်လို့ရတာပေါ့ .... ဆွဲကြိုးလေးဆွဲပေးရင်း backhug လေးလုပ်ရင်ရော ... အတွေးနဲ့တင်သူမအရူးတစ်ယောက်လိုပြုံးမိသည် အဲ့လိုအားလုံးမဟုတ်ရင်တောင် တစ်ခုလောက်တော့ဖြစ်ချင်မိသည် သူမမျှော်လင့်တာအရမ်းတော့မများပါဘူးနော် ဒီလောက်တော့ဖြစ်သင့်တာဘဲလေ....ထိုနော့က် ခုတင်ပေါ်တွင်ထိုင်ကာ နာရီကိုသာတစ်မျှော်မျှော်ကြည့်နေမိသည်.... ပြတင်းပေါက်အပြင်သို့မျှော်ကြည့်မိသည် နေရောင်ကားတစ်ဖြည်းဖြည်းရုတ်ရော့လာပြီ သူမဘေးတွင်ရှိသော ဖုန်းကိုတစ်ချက်ကြည့်လိုက်သည် ဖုန်း screen ကတော့အရင်အတိုင်းမှောင်မဲနေဆဲ... ကျေးငှက်တို့အသိုက်နန်းဆီသို့ပျံကုန်ပြီ သူမဖုန်းလေးကိုတစ်ဖန်ပြန်ကြည့်မိသည် မထူးခြား.... လမ်းမီးတိုင်တို့လင်းလာပြီ ဖုန်း screen ကတော့မလင်းလာ.... သူမသက်ပြင်းလေးချမိသည် သူမေ့နေတာတော့မဟုတ်လောက်ပါဘူး.... ပြတင်းပေါက်ကိုသာဆက်ငေးကြည့်နေမိသည် ခြံရှေ့တွင်လာရပ်မည့် သူမကိုယ်တိုင်ပြန်ရွေးဝယ်ပေးထားသော သူ့ကားအသစ်လေးကိုမျှော်နေမိတာလား... နေဝင်ရင်ဖုန်းဆက်မယ်ဆိုလို့နေဝင်သွားတာကိုမျှော်လင့်နေတာလား.... ဆိုတာသူမကိုယ်တိုင်တောင်မသိတော့... မျှော်နေသည်... ရင်ထဲမှလေးလံမှုနှင့်အတူမျှော်နေသည်ဆိုတာကတော့သေချာသည်....

Invisible FutureWhere stories live. Discover now