You're My Other Half

396 51 2
                                    

Chapter-19

ရေကြည်ပြာပြာငယ်ချောင်းလေးက တစ်သွင်သွင်စီးဆင်းလို့နေသည် ထိုချောင်းလေးထဲတွင် လှေငယ်လေးတစ်စင်းက တစ်အိအိနှင့်ရွေ့လျားနေသည်
Soo တစ်ယောက်လှေထဲတွင်ထိုင်ကာ ရေပြင်ကိုလက်ချောင်းထိပ်လေးနှင့် ယှက်ထိဆော့ကစားနေသည် ရေစီးလေးအတိုင်းလှေငယ်က လှော်စရာမလိုဘဲတအိအိနှင့် ဆက်လက်ရွေ့လျားနေသည် ရုတ်တရက် လှေက တရကြမ်းယိမ်းထိုးလာသည်
"Soo..soo ရေ"
အဝေးဆီမှတစ်စုံတစ်ယောက်ခေါ်သံကိုကြားလိုက်ရသည်

နောက်...

"ကို.."

"ဘယ်လောက်တောင်အအိမ်မက်နေလို့နှိုးနေတာ တောင်မကြားရတာလဲ"

Sooတစ်ယောက်အိပ်ချင်မူးတူးဖြင့် ခုတင်ပေါ်တွင် ထထိုင်လိုက်သည် kai ကခုတင်ပေါ်တွင်ဘယ်တုန်းကရောက်နေမှန်းမသိ ခပ်တည်တည်ဖြင့်ထိုင်နေသည် သူခုနကလှုပ်နှိုးနေလို့ အိပ်မက်ထဲမှ လှေမှောက်မလိုဖြစ်နေတာကိုး...

အိပ်မှုန်စုံမွှားဖြင့် ခုတင်ပေါ်တွင် နှိုးတစ်ဝက် အိပ်တစ်ဝက်ဖြစ်နေသော ချစ်သူကို kai ကြောင်တောင်တောင်နှင့်ကြည့်နေမိသည်
ပြတင်းပေက်မှကျူးရောက်လာသော နံနက်ခင်းနေရောင်ခြည်နွေးနွေးလေးက သူမပေါ်သို့ဖြာကျနေသည် ဆံပင်တွေကပွကာဖွာနေပြီး ပုခုံးပေါ်တွင်ကပိုကရိုလေးကျနေသည် မျက်လုံးလေးကလည်းပိတ်လိုက် နည်းနည်းလေးကြာတော့ပြန်ပွင့်လာလိုက်.. နှုတ်ခမ်းလေးကလည်းဟစိဟစိနှင့် Hello Kitty ပုံသေးသေးလေးတွေပါသော ညအိပ်ဝတ်စုံကြောင့် ပို၍ ပို၍ပင်ချစ်ဖို့ကောင်းနေသလို
Kai ဆံပင်လေးကိုပွတ်ကာဖွရင်း...

"ဟိတ် ထိုင်လျက်ကြီးပြန်အိပ်နေပြီလား ထ..ထ တော့ အိပ်ပုတ်လေးရေ.."

အဲ့တော့မှ မျက်လုံးကိုလက်ဖြင့်ပွတ်ရင်း အသေအချာကြည့်တော့

"ကို!! ဘယ်လို.."

Kai ကမိန့်မိန့်ကြီးပြုံးရင်း

"ဘာလဲ မမြင်ဖူးလို့လား"

"ဘယ်လိုလုပ် soo အခန်းထဲရောက်နေတာလဲ"

အော်...အခုမှအလန့်တကြား ရောက်တာဖြင့်ကြာနေပြီ အိပ်နေတာလေးကိုမနိုးရက်လို့ ကြည့်နေတာကို သူမသာသိရင်

Invisible FutureWhere stories live. Discover now