The Nightmare-(1)

499 49 2
                                    

Chapter-16

Soo ရေကူးပြီးတော့ အိမ်အပေါ်ထပ်က အခန်းတစ်ခန်းထဲဝင် အဝတ်အစားလဲပြီး kai ကောင်းမှုကြောင့် စိုသွားတဲ့ဆံပင်တွေကို Dryer နဲ့ထိုင်မှုတ်နေလေရဲ့... Baekhyun ကတော့ အခန်းထဲကခုတင်ပေါ်တွင်ထိုင်ကာ ဖုန်းတစ်လုံးကိုသဲကြီးမဲကြီးကြည့်နေလေရဲ့... သူမ မျက်နှာမှာတော့ အစကတည်းက ဝါသနာမပါသူမို့ ဘာမှလိမ်းခြယ်ထားခြင်းမရှိ ..ရုတ်တရက် တံခါးခေါက်သံတစ်ခုထွက်ပေါ်လာခဲ့သည်

"ဝင်ခဲ့ပါ"

Kai...သူမ၏ချစ်သော kai

"နင်တို့စကားပြောဦးလေ Chanyeol တို့အောက်ထပ်မှာမလား"

"အေး.."

Baekhyun က အလိုက်သိစွာရှောင်ပေး၏ မှန်တင်ခုံရှေ့တွင် ထိုင်နေသော soo ၏ နောက်တည့်တည့်တွင် kai ကမတ်တပ်ရပ်လိုက်၏နှစ်ယောက်လုံး၏ ပုံရိပ်ကိုကြေးမှုံမှန်ပြင်က ထင်ရှားပြတ်သားစွာဖော်ပြထား၏ ရေချိုးပြီးခါစမို့ သူ့ဆံပင်တွေက ဖွာနေသည် kai က soo လက်ထဲက dryer ကိုယူလိုက်ပြီး ရှည်လျားနက်မှောင်ကာ နွဲ့ပြောင်းနေသော သူမဆံပင်ကို လက်တစ်ဖက်က ဖွကာ တစ်ဖက်က dryer ကိုင်ကာမှုတ်ပေးတော့သည် soo လည်း အင်္ကျီအဖြူလက်ရှည်ကို လက်ခေါက်တင်ထားပြီး jeans ဘောင်းဘီအရှည်ဝတ်ထားသော smart ကျလှသော သူမချစ်သူကို မှန်ထဲကနေပြုံးပြီးကြည့်နေမိသည်  အတန်ကြာသော် သူက dryer ကို မှန်တင်ခုံပေါ်တင်ပြီး မှန်ထဲကနေ soo ကိုပြုံးပြရင်း

"Soo"

"ပြောလေ"

"ကိုပေးစရာရှိတယ်"

သူကမှန်ထဲကနေကြည့်ပြောတော့ သူမမှန်ထဲကနေပင် မျက်ခုံးလေးပင့်ပြသည် kai က ဘောင်းဘီအိပ်ကပ်ထဲမှာတစ်စုံတစ်ခုကို နှိုက်ထုပ်လိုက်သည် ထို့နောက် မှန်ရှေ့တွင်ပင်ပြသည် ဆွဲကြိုးလေးတစ်ကုံး....platinum ဆွဲကြိုးလေး... အနီရောင်ရဲရဲပတ္တမြားတစ်ပွင့်ပါသော တလက်လက်ထနေသည့်ဆွဲကြိုးလေးကို kai က သူကိုယ်တိုင် သူမလည်ပင်းတွင် ဆွဲပေးလိုက်သည် မွေးညင်းရှိန်းရှိန်းလေးများထကာ သွေးကြောစိမ်းစိမ်းလေးများယှက်ကာဖြာနေသော သူမလည်တိုင်ကျော့ကျော့ဖွေးဖွေးတွင် ငွေရောင်တလက်လက်ထနေသောဆွဲကြိုးလေးက လှပနေသည့်အပြင် တစ်ပွင့်တည်းသော ပတ္တမြားကလည်းတင့်တယ်နေသည် kai ကသူမပုံးပေါ်လက်လေးတင်ကာ မှန်ထဲကနေပြုံးပြလိုက်တော့ သူမကလည်း သူ့လက်ဖမိုးလေးပေါ်လက်လေးပြန်တင်ကာ ပြုံးပြလိုက်သည်

Invisible FutureWhere stories live. Discover now