Chapter - 23
အဖြူရောင်မီးတိုးလင်းလက်နေပြီး လေအေးပေးစက်ကိုအေးနေအောင်ဖွင့်ထားသည် နို့နှစ်ရောင်ကြွေပြားကြီးများက ပြောင်လက်လို့နေသည် မနက်အစောကြီးမို့ လူကအနည်းငယ်နည်းပါးနေသည်
နေရာကား...
ဆိုးလ်အပြည်ပြည်ဆိုင်ရာလေဆိပ်...Soo မျက်စိတစ်ချက်ကစားလိုက်ပြီး kai ကိုရှာလိုက်သည် ရင်ကားအဆက်မပြတ်တဒိတ်ဒိတ်ခုန်နေသည် ပထမထိုင်ဆောင့်ရန်နေရာပေးထားသောခုံများကိုကြည့်သည်
မတွေ့...
လုံခြုံရေး X.ray ဖြတ်ခါနီးတန်းစည်နေသောနေရာကိုကြည့်သည်
မတွေ့...
Passport ပြရသောနေရာသို့လှမ်းကြည့်သည်
မတွေ့...စိတ်ဓာတ်တွေကျဆင်းစပြုလာသည်
တကယ်ဘဲ ပြီးဆုံးသွားပြီလား...
တကယ်ဘဲ နောက်ထပ်မတွေ့နိုင်တော့ဘူးလား...
တကယ်ဘဲ နောက်ဆုံးအကြိမ် မျက်နှာလေးတောင်တွေ့ခင်မရဘဲ ဝေးသွားရတော့မှာလား...
တကယ်ဘဲ...ခရီးသည်များထိုင်နေသော ခုံတစ်ခုတွင်ဝင်ထိုင်လိုက်သည် မနက်အစောဆုံးလေယာဉ်မို့ လူကနည်းကိုနည်းနေသည် ဒါတောင်မတွေ့ဘူးဆိုတော့...ကံတရားရယ် အဲ့လောက်တော့မရက်စက်သင့်ပါဘူး...
လက်ဖဝါးပေါ်သို့ မျက်နှာမှောက်ချကာ ကံကိုသာအပြစ်တင်မိသည်
ခြေလှမ်းတွေက အလာတုန်းကနှင့်မတူ လေးလံလို့နေသည် အခုမှ လေယာဉ်ကွင်းကပိုတိတ်ဆိတ်နေသလို...
ငုံ့ကြည့်လိုက်တော့ကြွေပြားကြီးများတွင် ရောင်ပြန်ဟပ်နေသော ကိုယ့်ပုံကိုယ်ကို ဝိုးတိုးဝါးတားမြင်နေရသည်"ဟက်"
သဲကွဲစွာတောင်မမြင်ရသော ကိုယ့်ပုံကဖရိုဖရဲဖြစ်နေမှန်းသိသာသည် သူနဲပက်သက်တော့မှ လူလည်းအရူးနီးပါးဖြစ်လို့...
ရယ်မိတာတောင်မဆန်းပါလေ..."ကဲ ကဲ မြန်မြန်လုပ် ငါပြောသားဘဲ နင့်ကိုမြန်မြန်လုပ်လို့"
ဘေးနားက ဒေါက်ဖိနပ်သံတဂွက်ဂွက်ကနားထဲသို့စီးဝင်လာသည်
O.O
ဒီအသံ...
မဟုတ်မှလွဲရော...
ငုံ့နေသောခေါင်းက ဆတ်ခနဲမော့တက်လာသည် အမြင်အာရုံတို့စုရုံးရာကတော့ ဘေးနားကဖြတ်သွားကာ အခုဆို ကျောဘက်သို့ရောက်နေပြီးသော အသံပိုင်ရှင်ထံသို့...
YOU ARE READING
Invisible Future
Randomလူအချင်းချင်းသာနီးကပ်နေပေမယ့် နှလုံးသားနှစ်ခုဝေးကွာနေတဲ့အခါ ....... အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်ရဲ့ပျော်ရွှင်မှုထက် သူ့ရဲ့ဘဝတိုးတက်ရေးကို ဦးစားပေးရတဲ့အခါ ...... မထင်မှတ်ထားတဲ့ကံကြမ္မာအလှည့်အပြောင်းကြောင့် ပြန်လည်ဆုံတွေ့ကြတဲ့အခါ ....... မမြင်ရတဲ့...