Sunset

639 65 0
                                    

Chapter-8

kai ဘာလို့ပြေးနေတာလဲ.....သူမအရာအားလုံးဝေးဝါးနေသည် ပတ်ဝန်းကျင်ကားမြူခိုးတို့နှင့်အုံမှိုင်းနေခြင်းငှာ မည်သည်ကိုမျှမမြင်ရ...ဘယ်ကိုရောက်နေမှန်းလည်မသိ ဘာတွေဖြစ်နေမှန်းလည်းမသိ သို့သော် kai တစ်ယောက် soo ရှေ့ကနေပြေးနေသည် soo ကတုတ်တုတ်မျှမလှုပ်ဘဲကြည့်နေမိသည် သူပြေးနေတယ် တဖြေးဖြေး ဝေး..ဝေး...ဝေး...သွားပြီ သူ့နောက်လိုက်ရန်ခြေထောက်တွေကလှုပ်ရှားလိုမရ

"Kai"

သူမမျက်စိစုံမှိတ်ကာအသံကုန်အော်ဟစ်လိုက်ပစ်သည် မျက်စိပြန်ဖွင့်လိုက်တော့အရာအားလုံးက လင်းထိန်နေသည် ခုနကနှင့်လားလားမဆိုင်တော့ သူမမြင်နေရသည်ကား ဖြူဖွေးနေသောမျက်နှာပြင်ကြီး.....မျက်နှာကြက်.. နောက်တော့အသိဝင်ကာဘေးကိုကြည့်လိုက်တော့ သူမခုတင်ပေါ်ရောက်နေသည် ဒါဆိုအိမ်မက်ပေါ့ မျက်နှာကြက်ကြီးကိုကြည့်နေမိတာပေါ့ သူမသက်ပြင်းတစ်ချက်ချလိုက်သည် ထို့နောက်ခုတင်ပေါ်ကဆင်းကာရေချိုးရန်ရေချိုးခန်းထဲဝင်သွားလိုက်သည် ရေချိုးပြီး မှန်တင်ခုံရှေ့တွင်ထိုင်ကာခေါင်းဖီးရင်းမှန်ကြည့်တော့မနေ့ညက သူမပုံကိုပြန်မြင်ယောင်လာသည် အခုမှန်ထဲကတစ်ယောက်နဲ့ မနေ့အလှပြင်ဆိုင်မှန်ထဲကတစ်ယောက်ကတော်တော်ကွဲလွဲနေသည် ဖုန်းကိုကြည့်လိုက်တော့ battery တောင်ကုန်သွားပြီး အားသွင်းခဲ့ရင်းသီချင်းလေးညီးကာအောက်ထပ်သို့ဆင်းလာခဲ့သည် ထမင်းစားစားပွဲရှေ့ရောက်တော့ ကော်ဖီသောက်ရင်းသတင်းစာဖတ်နေသည့် သူမအစ်ကိုကိုတွေ့သည်

"Oppa"

"ဟာ soo မတွေ့ရတောင်ကြာပြီ"

"ဟင်..တစ်အိမ်တည်းနေတာကို ဘာဖြစ်တာလဲ"

"မနေ့က oppa အိပ်ရာထတော့ soo လေးအပြင်ထွက်သွားတယ်လေ နောက်ကပွဲကိုဆက်သွားမယ်ဆိုတော့လည်းမတွေ့ရပြန်ဘူး ညကျတော့လည်း oppa အိပ်မှ soo လေးပြန်ရောက်လာတယ်လေ အရင်နေ့တွေတုန်းက oppa duty ကြောင့် soo လေးကိုမတွေ့ဖြစ်ဘူးလေ.."

"အော် အခုတွေ့ပြီမလား"

ဒီလိုန့မောင်နှမနှစ်ယောက်နဲ့တင်မနက်စာဝိုင်းလေးကစိုပြေသွားခဲ့သည် soo မနက်စာစားပြီးဖုန်းယူရန်အပေါ်သို့ပြန်တက်ခဲ့သည် အခန်းတံခါးဝရောက်တော့

Invisible FutureWhere stories live. Discover now