(အရှေ့မှာ What should I do ဆိုတဲ့တစ်ပိုင်းရှိတယ်နော် မဖတ်ကြတာလား မတွေ့ကြတာလား တော့မသိဘူး vote နဲ့ viewer အရမ်ကျသွားလို့...
မဖတ်ရသေူရင်ဖတ်လိုက်ဦးနော် တော်ကြာနားမလည်မှာစိုးလို့ မပေါ်ရင်တော့ ပြန်တင်ပေးပါမယ်)Chapter-21
Tuesday...
Soo kai နှင့်ချိန်းထားသော သူမတို့ရပ်ကွက်ထိပ်ရှိ ပန်းခြံလေးသို့လမ်းလျောက်လာခဲ့သည် သူမအမေလည်းဒီနေ့မနက်ပင် ဆေးရုံကဆင်းခဲ့ရသည် ဒဏ်ရာကြီးကြီးမားမားမရှိတော့ စောစောပင်ဆင်းခဲ့သည် အခုတော့မရှိသေးတာ နောက်ဆိုရင် မပြောတတ်ဘူးလေ... အခုလည်း အမေ့ကို အိမ်ကိုပို့ပေးပီး အိမ်မှာလုပ်စရာရှိတာလုပ်ပြီး သူ့ကိုဖုန်းဆက်ကာ ထွက်လာခဲချင်းဖြစ်သည် မနေ့ညကလည်းတစ်ညလုံးအိပ်မပျော်ခဲ့ ဘာလုပ်ရင်အကောင်းဆုံးဖြစ်မလဲဆိုတာတွေးရင်း မိုးလင်းသွားခဲ့သည် နောက်ဆုံးတော့...
အားလုံးအတွက် အကောင်းဆုံးထင်မည့် ဆုံးဖြတ်ချက်တစ်ခုကိုချခဲ့သည် ကိုယ်ကတော့ အဆင်မပြေလည်းရှိပါစေတော့ အချိန်ကကုစားသွားမှာပါ...
ဒါနောက်ဆုံးဘဲ...
သူနဲ့ပက်သက်ခဲ့သမျှ ဒီနေ့ဟာနောက်ဆုံးဘဲ ...
ထိုအတွေးကြောင့်ရင်မှာစို့တက်လာသည် ရင်မှာစို့တက်လာသည်နှင့်အမျှ မျက်ရည်ကလည်းစို့တက်လာသည် မျက်ရည်တို့ကို သုတ်ပစ်ရင်း တက်တက်ကြွကြွဖြစ်ရန် ကိုယ့်ကိုကိုယ်အားပေးလိုက်သည် သူ့ရှေ့မှာတော့ ငိုလို့မဖြစ်ပါ မျက်ရည်ကျလို့မဖြစ်ပါ...
တွေးရင်နှင့် လမ်းလျောက်လာတာ ပန်းခြံသို့ရောက်မှန်းမသိရောက်လာခဲ့သည် တွေ့နေကျခုံလေးဆီသို့ ဦးတည်လျောက်သွားတော့ဒီနေ့မှ
မြက်ခင်းပြင်ကမစိမ်းလန်းတော့သလို...
ကျေးငှက်တို့ကတေးမဆိုတော့သလို...
လေပြေညင်းကမတိုက်ခတ်တော့သလို...
ပန်းပွင့်တို့ကမသင်းပျံ့တော့သလို...အရာအားလုံးအသက်မဲ့နေခဲ့သည်
"ဟိတ်.."
ပုခုံးပေါ်သို့ နောက်ကနေကျရောက်လာသော လက်အစုံကြောင့် အနောက်ကိုလှည့်ကြည့်မိသည်
YOU ARE READING
Invisible Future
Randomလူအချင်းချင်းသာနီးကပ်နေပေမယ့် နှလုံးသားနှစ်ခုဝေးကွာနေတဲ့အခါ ....... အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်ရဲ့ပျော်ရွှင်မှုထက် သူ့ရဲ့ဘဝတိုးတက်ရေးကို ဦးစားပေးရတဲ့အခါ ...... မထင်မှတ်ထားတဲ့ကံကြမ္မာအလှည့်အပြောင်းကြောင့် ပြန်လည်ဆုံတွေ့ကြတဲ့အခါ ....... မမြင်ရတဲ့...