Home Sweet Home

618 53 2
                                    

Chapter-14

(မဖတ်ခင်ပြောစရာလေးတစ်ခုရှိပါတယ် အခုဇာတ်လမ်းမှာ Chapter တစ်ခုနဲ့ တစ်ခုက တစ်ရက်ပြီးတစ်ရက်ဖြစ်တာမဟုတ်ပါဘူးလို့ မနေ့ကဖြစ်တာကတစ်ပိုင်း ဒီနေ့ဖြစ်တာကတစ်ပိုင်းမဟုတ်ပါဘူး တစ်ပိုင်းနဲ့တစ်ပိုင်းက သုံးလေးရက်ကြာမှဖြစ်တာတွေကိုရေးထားတာပါ ကြားထဲမှဖြစ်တာတွေက ဒီအတိုင်းချစ်သူရည်းစားဘဝပါဘဲလို့ တခြား fic တွေလိုရည်းစားဘဝမှာဘဲဖြစ်တာကိုရေးမှာမဟုတ်ဘဲ နောက်ကျရင်အများကြီးဖြစ်စရာတွေကျန်သေးလို့အခုလိုကျော်ရတာပါ fic မလာသေးလို့ author ကိုမေတ္တာပို့မနေကြနဲ့ဦး vote ပေးဖို့မေ့နဲ့နော် :)
Enjoy!!!)

သူငယ်ချင်းသံယောစဉ်ကို အုတ်မြစ်ချတည်ဆောက်ထားသော Kaisoo တို့၏ ချစ်သူရည်းစားသံယောစဉ်သည်လည်း အချိန်ကြာလာတာနှင့်အမျှ ပိုမိုနက်ရှိုင်းလာခဲ့သည် တစ်နေ့မတွေ့လျှင်မနေနိုင်သလို အသံလေးမကြားရသေးလျှင်အိပ်မပျော်နိုင်ဖြစ်ရသေးသည် kai လည်း soo နှင့်တွေ့တော့မှ playboy ဆိုသော ဂုဏ်ပုဒ်ကိုစွန့်လွှတ်လိုက်ရသည် အစကမိန်းကလေးတွေနှင့် တွဲသွားတွဲလာပြုနေသော်လည်း soo ၏သဝန်တိုမှုကြောင့် kai မိန်းကလေးတွေနှင့်အခေါ်အပြောသိပ်မလုပ်တော့ ... တစ်ခါတစ်လေ သဝန်တိုသောအချိန်လေးတွင် သူမကချစ်ဖို့ကောင်းပြန်၏ သို့သော် တစ်ခါတစ်လေကျတော့လည်း ကြောက်ဖို့ကောင်းပါ၏ တီတီတာတာလေးတွေပြောကာ သဝန်တိုမှုကိုပြသောအချိန်တွင် kai ၏ရင်ထဲပန်းတွေပွင့်နေသလိုပါဘဲ ဒါပေမယ့် စိတ်ဆိုးသွားပြီဆိုလျှင်... တတိယကမ္ဘာစစ်အတွက် စစ်သဝဏ်လွှာပေးပို့သလိုပင် ....

Kai သူ့ပေါင်ပေါ်တွင် ရုပ်ရှင်ကြည့်ရင်းအိပ်ပျော်နေသော soo ဆီသို့အကြည်ရောက်သွားသည် ရုပ်ရှင်အတူတူကြည့်ချင်ပါသည်ဆိုတုန်းကလည်းသူမ ရုပ်ရှင်ရုံမှာကြည့်ရင် ဈေးကြီးပါတယ်ဆိုတုန်းကလည်းသူမ ကို့အိမ်မှာအေးအေးဆေးဆေးကြည့်ချင်ပါတယ်ဆိုတုန်းကလည်းသူမ အခုတော့ ပေါင်ပေါ်ကိုခေါင်းအုံးလို့နှစ်နှစ်ခြိုက်ခြိုက်ကြီးအိပ်ပျော်နေပါရောလား.... အိပ်နေတဲ့ပုံလေးကချစ်စရာလေး တကယ့်ကလေးပိစိလေးတစ်ယောက်အိပ်ပျော်နေသလိုဘဲ သူ့ style လုံးဝမဟုတ်တဲ့ သူမကို ဘာကြောင့်သူဒီလောက်ထိချစ်မိသွားရပါလိမ့်... ပြီးတော့ သူမကို ဘာကြောင့်ဟိုတလောက သူခံစားချက်တွေကင်းမဲ့သွားပါလိမ့် ဘာကြောင့် သူ့ကိုမချစ်တော့ဘူး ဟုကို့ကိုယ်ကိုထင်ခဲ့ပါလိမ့်....

Invisible FutureWhere stories live. Discover now