The Best Times

690 78 0
                                    

Chapter-9

နံနက်ခင်း၏လေနုအေးလေးကိုခံယူရင်း soo တစ်ယောက်ပြတင်းပေါက်တွင်မတ်တပ်ရပ်နေမိသည် နေရောင်နွေးနွေးကသူမအသားဖွေးဖွေးပေါ်တွင်ကျရောက်သောကြောင့် ရွှေရောင်လက်နေသောမွေးညင်းလေးများကိုပင်မြင်နေရသည် ပြတင်းပေါက်မှအခန်းထဲသို့လေတိုးဝင်တိုင်းဆံနွယ်မှောင်မှောင်တို့ကယိမ်းထိုးနေသည် soo အပြင်ကိုငေးနေသော်လည်းသူမအာရုံတို့ကမနေ့ညနေတွင်သာရှိနေခဲ့သည်....အတူရှိခဲ့သောနေဝင်ချိန်...အတူကြည့်ခဲ့သောနေဝင်ချိန်...ထိုနေချိန်မှစ၍သူမတို့နှစ်ယောက်ကချစ်သူတွေဖြစ်ခဲ့ကြသည်...ချစ်သူ...ထိုအသုံးအနှုန်းကသူမအတွက်တော့ထူးဆန်းလေးနက်နေပေမယ့် kai အတွက်ကမထူးဆန်းခဲ့ပါ ဘာဘဲဖြစ်ဖြစ်လေ အနည်းဆုံးတော့သူ့ချစ်သူများစာရင်းမှာကိုယ်ပါသွားတာဘဲလေ..အစကတည်းက soo ကအရှုံးသမားပါ အချစ်ကြီးခဲ့လို့ပေါ့.....

နီယွန်မီးရောင်များအောက်တွင် လက်ချင်းယှက်ကာလမ်းလျှောက်နေသောချစ်သူနှစ်ဦး..ပူပူနွေးနွေးကြင်စချစ်သူနှစ်ဦး...ပလက်ဖောင်းလေးပေါ်တွင်ကြည်ကြည်နူးနူးလမ်းလျှောက်နေကြသည် ငွေလမင်းကသာလို့ လေခြည်အေးကဖြာလို့...

"အရင်တုန်းက ညမိုးချုပ်ရင် ကို soo ကိုအိမ်ပြန်စေချင်ခဲ့တယ်"

"ဘာလို့"

"မိုးချုပ်နေပြီလေ မိန်းကလေးတစ်ယောက်တည်းကို..အခုတော့မပြန်စေချင်ဘူး"

"ဘာလို့"

"မခွဲနိုင်လို့"

ရှင်းပါတယ် သူ့စကားလေးက...soo တစ်ယောက်ရှက်ပြုံးလေးပြုံးကာခေါင်းလေးကိုသာငုံ့ထားမိသည် ရင်ခုန်သံတွေကိုပင်သူကြားသွားမှာကိုတောင်စိုးရိမိသည်

"ပိုပြီ"

"မပိုပါဘူးဗျာ..တကယ်ပါ"

တစ်ယောက်လက်ကိုတစ်ယောက်ကိုင်ကာလမ်းလျှောက်လာခဲ့ကြတာ soo တို့လမ်းထိပ်ပင်ရောက်လာခဲ့သည်

"soo ကို့ဘာသာကိုဆက်လျှောက်သွားလိုက်မယ် မေမေမြင်တာပြသာနာမရှိဘူး oppa ကရစ်နေလိမ့်မယ်"

"ကို့ချစ်သူလေးကပြန်ဆိုတော့လည်းပြန်ပါ့မယ် ခင်ဗျာ"

"လုပ်ပြန်ပြီ"

Invisible FutureWhere stories live. Discover now