Invisible Future

2.2K 102 5
                                    

Chapter-1

ညကားမှောင်မိုက်၏ နတ်ဆိုးတစ်ကောင်၏ဝတ်ရုံလွှမ်းခြုံထားသကဲ့ ခြောက်ခြားဖွယ်မှောင်မိုက်နေ၏ လူနေထူထပ်ပြီးလျှပ်စစ်မီးများလင်းနေသောရပ်ကွက်ကြီးများအဖို့ထိုသို့ညက ခြောက်ခြားဖွယ်မကောင်း သို့သော်

လမ်းမီးများမှိန်မှိန်ပြပြနှင့် လူနေကျဲပါးသောရပ်ကွက်ရှိ အလင်းရောင်ကင်းမဲ့သော ပန်းခြံကဲ့သို့နေရာမျိုးက လိုသည်ထက်ပိုတိတ်ဆိတ်နေလွန်းသည် ထိတ်လန့်စရာအနည်းငယ်ကောင်းသည် သို့သော် ထိုသိုသောနေရာမျိုးသို့ရောက်ရှိနေသောမိန်းကလေးတစ်ယောက် ...သူမပုံစံက ညအိပ်ဝတ်စုံလေးနှင့် ပြာပြာသလဲအိမ်မှထွက်လာသောပုံစံ လုံးဝအဖြူထည်သက်သက်မိန်းကလေးတစ်ယောက် သူမက ပတ်ဝန်းကျင်ကိုလုံးဝဂရုမမူဘဲ တစ်စုံတစ်ခုကိုရှာဖွေနေသည် ပြင်းပြင်းထန်ထန်ပေါ့

"Soo"

အမှောင်ထဲမှ သူမနာမည်ခေါ်သံကြားလိုက်သည် သူမထိုသူ .....အတိအကျပြောလျှင် သူမနာမည်ခေါ်လိုက်သောကောင်လေးထံသို့ပြေးသွားသည် ထို့နောက် သူ့ဘေးတွင်ထိုင်လျက်

"ဘယ်လိုဖြစ်ပြန်တာလဲ"

_____________________

Flashback**

Soo တစ်ယောက်ည့်ခန်းထဲတွင် တစ်ယောက်တည်း TV ကြည့်နေသည် appa ရော omma ရော အိပ်နေသဖြင့် အိမ်ကြီးထဲတွင်သူမတစ်ယောက်တည်းရှိနေဟန်ပေါ်နေသည် ရုတ်တရက် သူမဖုန်းလေးမြည်လာသည်

Contact ကိုကြည့်တော့

Kai♥♥

"Hello"

"Sooလား"

အားလေးလျာလေးဖြင့်သူမနာမည်ကိုခေါ်လိုက်သောသူကြောင့် သူမစိုးရိမ်စိတ်ကလေးထိတ်ခနဲပေါ်လာသည်
သူသောက်ထားတယ် သူမစိတ်ထဲစိုးရိမ်တာမမှားပါ

"အင်း...ဘာဖြစ်လို့လဲ"

"Soo .."

ဒီတစ်ခါသူ့အသံက ငိုသံစွက်နေသည်

"ဟဲ့..ဟဲ့..kai နင်ဟာက ဘယ်လိုဖြစ်တာလဲ ညကြီးမိုးချုပ်"

"နင်တို့အိမ်လမ်းထိပ်က ပန်းခြံလေးကိုထွက်ခဲ့ပါလား ငါနည်းနည်းလည်းသောက်ထားတယ်"
နည်းနည်းလား

Invisible FutureWhere stories live. Discover now