It hurts

643 58 0
                                    

Chapter-4

ရောင်ခြည်ဖျော့ဖျော့နေအလင်းရောင်က ပင်လယ်ပြင်သာမက သောင်ပြင်ဖွေးဖွေးပေါ်တွင်ပါကျရောက်လို့နေသည် ငွေသော်တာနှင့်စိန်ကြယ်ပွင့်တို့ကအနားယူနေသောကြောင့် တိမ်လွှာဖြူဖြူတို့ကိုသာဝေဟင်တွင်တွေ့မြင်နိုင်သည် အရောင်အသွေးစုံလင်လှသော ငှက်မျိုးစုံတို့ကလည်း jeju ကောင်းကင်ထက်တွင် ဟိုဟိုဒီဒီ ပျံသန်းနေကြသည် ပင်လယ်လေအေးအေးတို့ကတော့မနေ့ကအတိုင်း မပြောင်းလဲ ..ပတ်ဝန်ကျင်ကားလူသူမရှိပေမယ့်တိတ်ဆိတ်မနေ လှိုင်းသံတစ်ဝုန်းဝုန်း လေသံတဝူဝူ ငှက်တို့၏ကျီကျီကျာကျာအသံတို့က ပျံလွသ့်လျက်... ရွှေရောင်အနည်းငယ်စွက်နေသောသောင်ပြင်ပေါ်တွင် soo တစ်ယောက် baek နှင့်အတူလမ်းလျောက်ထွက်လာခဲ့သည် အချိန်အားဖြင့်စောနေသဖြင့်သောင်ပြင်ပေါ်တွင် လူနည်းပါးနေသည် xing unnie တို့က hotel ကိုလျောက်ကြည့်နေကြပြီး မင်းသားချောလေးယောက်ကစက်တော်ခေါ်ဆဲ....

ပင်လယ်လေပြေလေးကပင့်သက်တိုက်ခတ်နေသောကြောင့်သူတို့နှစ်ယောက်၏ပိတုန်းရောင်ဆံကေသာတို့ကလေနင်ရာလွင့်နေသည် နှစ်ယောင်လုံးအဖြူချည်းကိုသာဝတ်ဆင်ထားသောကြောင့် ပင်လယ်နတ်သမီးကိုယ်ထင်ပြသလားအောက်မေ့ရသည်.....

Kyoungsoo ၏အတွေးထဲတွင် ညက kai ၏နှလုံးသားဇာတ်လမ်းက ပဲ့တင်ထပ်နေဆဲ.....

အခြားသူတွေကရေမြေတွေခြားနေပေမယ့်ချစ်နေကြဆဲ kai ကတော့ ဘဝခြားနေပါသော်လည်း........

ရူးမိုက်သည်ဟုသူမအပြစ်တင်ချင်ပါသော်လည်း အပြစ်မတင်ရက်သောသူမ.....အခုအခြေအနေအရဆိုလျှင်သူမအတွက် အခွင့်အရေးကပိုဝေးသွားပြီ..... သူမယုံကြည်နေပါသည် တစ်နေ့kai က jung yoo နေရာကိုအစားထို့နိုင်မယ့်သုကိုရှာတွေ့မှာပါ အဲ့အချိန် ကိုယ်မဟုတ်လည်း အချစ်စစ်ကိုရှာတွေ့သွားတဲ့သူ့အတွက် soo ဂုဏ်ယူမိမှာပါ.......သူမအခုချိန်မှာတော့ သက်ပြင်းလေးကိုသာချရင်း.......

"soo ညက ဘာတွေဖြစ်လို့တမနက်လုံး မျက်နှာမကောင်းတာလဲ"

"ဘာမှမဖြစ်ပါဘူး"

"Chanyeol တို့ကိုသွားနှိုးရအောင် ငါတို့မနိုးရင် အိပ်နေတာ နေပြန်ဝင်ကိန်းရှိတယ်"

Invisible FutureWhere stories live. Discover now