Our World

589 70 0
                                    

Chapter-12

Do~~ Ray~~ Mi~~ Fa~~ So~~ Lar~~ Di~~ Do~~

နေရောင်တို့ဆန်းနေသောနံနက်ခင်းတစ်ခု.....

တိမ်မျှင်ဖြူဖြူတို့ ဟိုဟိုသည်သည်လွင့်မျှောနေကြသည်... ကျေးငှက်တို့နှင့်အပြိုင် Do kyoung soo တစ်ယောက်သီချင်းဆိုရင်းလမ်းလျှောက်လာခဲ့သည် ကြွကြရွရွလေးလမ်းလျှောက်လာသောသူမပုံစံကား မြင်သူတကာပင်ငေးလောက်သည် လိမ္မော်ရောင်ဖျော့ဖျော့ဒူးလောက်ဂါဝန်ကားကားလေးကိုဝတ်ထားသောကြောင့် လမ်းလျှောက်တိုင်းဂါဝန်လေးကယိမ်းနွဲ့နေသည် ဒေါက်မြင့်ဖိနပ်ပန်းရောင်လေးကြောင့် သူမပုံစံက barbie ရုပ်လေးနှင့်ပင်တူနေသည် ခေါင်းတွင်လည်းဘီးကုပ်ပန်းရောင်လေးကတင့်တယ်စွာလှပနေသည် ယခုသူမ၏ဦးတည်ရာကား သူမတစ်ခါမှမရောက်ဖူးသောနေရာ နီးလျှက်နှင့်ဝေးနေသောနေရာ.... ထိုနေရာသို့သွားမည်ဖြစ်သောကြောင့် သူမရင်မှာဆွေ့ဆွေ့လေးခုန်နေပါ၏ kai နှင့်သွားမည်၏စိတ်ကူးထားသောအတွေးတို့တကယ်ဖြစ်လာခဲ့သည် ထိုစဉ်

Kai♥♥

"hello"

"soo မရောက်သေးဘူးလား"

"ရောက်တော့မယ် ကိုရော"

"ကိုရောက်နေပြီ အရှေ့ဂိတ်မှာစောင့်နေမယ် နောက်တစ်ရာသွားချင်သွားလို့ရအောင် ကို Chanyeol ကားယူခဲ့တယ်"

"ok ရောက်တော့မယ် ဒါဘဲနော်"

သူမဖုန်းလေးကိုင်ပြီးဆက်လျှောက်လာခဲ့သည် ခါးလေးကော့ ခေါင်းလေးမော့ကာ ဆက်လျှောက်လာခဲ့သည်..... သူမပန်းခြံရှေ့ရောက်တော့ လည်လေးဆန့်ကာ kai ကိုရှာဖွေမိသည်...တွေ့ပါပြီ..ရွှေမင်းသားလေးက Shirt အဖြူ jeans pantsအနက် jeans coat အနက်နှင့် ...

"soo"

"ကို"

"လာ...ဝင်ရအောင်"

kai နှင့် soo လက်ချင်းယှက်ကာပန်းခြံထဲဝင်သွားကြသည် ထိုပန်းခြံကားအခြားမဟုတ် သူမတို့ရပ်ကွက်ထိပ်ရှိ သူမသွားနေကြကစားကွင်းနှင့်ကျောချင်းလျက်ရှိသော ပန်းပေါင်းစုံတို့ပျော်ရာပန်းခြံတည်း...

"soo ဒီကိုတကယ်တစ်ခါမှမရောက်ဖူးဘူးလား"

"မရောက်ဖူးဘူးလေ ဘယ်သူနဲ့လာရမှာလဲ"

Invisible FutureWhere stories live. Discover now