Chapter-17
တိမ်မျှင်ဖြူဖြူတို့က လူးလာဖြတ်သန်းနေသော ဝေဟင်ပြာပြာကောင်းကင်က လှပလွန်းပါ၏ အော်...ချစ်သူရင်ခွင်ထဲမှနေ၍ မျှော်ကြည့်ရသောကြောင့် ပို၍လှပပါ၏
"တစ်ခါတစ်လေ အိမ်မက်ဆိုးနေမှပါ soo ရယ်"
Kai က သူ့ပုခုံးလေးကို မှီရင်း ကောင်းကင်ကြီးကိုငေးကာ စကားဆိုနေသော soo လက်လေးကိုတစ်ချက်ညစ်ရင်း အားပေးစကားဆိုသည်
"မဟူတ်ဘူး ကို...soo တော့တစ်စုံတစ်ခုကို နမိတ်ပြတယ်လို့ထင်တာဘဲ"
"အဲ့တာတွေမေ့လိုက်ပါ မဟုတ်ရင် ကို့ကလေးဘဲ စိတ်ဆင်းရဲရမယ်"
လဲ့ပြာနေသော ကောင်းကင်၏ အမည်မသိနေရာတစ်ခုသို့ ဆက်ငေးရင်း
"ဟူး...အဲ့တုန်းက soo အရမ်းကြောက်နေခဲ့တာ တကယ်.."
"အိမ်မက်ဆိုးသက်သက်ပါ soo ရယ်...အနာဂတ်ဆိုတာ ကြိုမြင်ရတာမှ မဟုတ်တာ"
အနာဂတ်ဆိုတာ ကြိုမြင်ရတာမှ မဟုတ်တာ... သူ့စကားလေးကို soo တိုးတိုးလေးပြန်ပြောမိသည် ဟုတ်ပါတယ် soo တို့အနာဂတ်တွေက ကြိုမြင်ရတာမှမဟုတ်တာ... မမြင်နိုင်တဲ့ မနက်ဖြန်တွေမှဘာတွေဆက်ဖြစ်မလဲဆိုတာ ဘယ်သူမှမသိနိုင်ဘူးလေ...
*Ringing***"Hello"
"...."
"ဗျာ...အခုလား..ကျွန်တော်တောင်မသိဘူး"
"...."
"ဟုတ်..ဟုတ်...လာခဲ့မယ် Noona ကိုရော အကြောင်းကြားပြီးပြီလား"
"...."
"အင်း..အင်း..လာခဲ့မယ်ဗျာ..."
Kai ဖုန်းပြောပြီးတော့ သက်ပြင်းရှည်တစ်ခုချသည် soo သူ့ရင်ခွင်ထဲကထွက်ပြီး မျက်နှာလေးကြည့်ကာ
"ဘာဖြစ်လို့လဲ ဟင်"
"ကို့အမေတို့က လုပ်ချလိုက်ပြီ"
"ဘာဖြစ်လို့လဲ"
"UK ကနေ ပြန်လာတာအခု ကိုရီးယားရောက်နေပြီတဲ့"
"ဟင်.."
"ဟုတ်တယ် အဲ့တာ ကို အခုအိမ်ပြန်ရမယ်"
"ကောင်းတာပေါ့ အမေကိုပြန်တွေ့ရမှာဘဲကို... ကိုကဘာတွေစိတ်ညစ်နေတာလဲ"
YOU ARE READING
Invisible Future
Randomလူအချင်းချင်းသာနီးကပ်နေပေမယ့် နှလုံးသားနှစ်ခုဝေးကွာနေတဲ့အခါ ....... အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်ရဲ့ပျော်ရွှင်မှုထက် သူ့ရဲ့ဘဝတိုးတက်ရေးကို ဦးစားပေးရတဲ့အခါ ...... မထင်မှတ်ထားတဲ့ကံကြမ္မာအလှည့်အပြောင်းကြောင့် ပြန်လည်ဆုံတွေ့ကြတဲ့အခါ ....... မမြင်ရတဲ့...