Love in Pool

558 53 1
                                    

Chapter-15

"အို..."

Soo နှုတ်ခမ်းဖျားက အာမေဋိတ်အသံ သဲ့သဲ့လေးထွက်သွားသည်
သူမအခုရောက်ရှိနေသည်က အဆောက်အအုံငယ်တစ်ခု...
မြင်ကွင်ရှေ့တွင် မြင်နေရသည်ကား ရေကူးကန်... ဟုတ်ပါတယ် စိမ်းလဲ့လဲ့ နှင့်ပြာနေသော တစ်ရိပ်ရိပ်လှုပ်ခပ်နေသော ရေကူးကန်ရယ်ပါ ... မျက်နှာကျက်အထိမြင့်သော မှန်ပြတင်းပေါက်ကြီးကို လိုက်ကာကြီးဖြင့် ပိတ်ထားကာ အမိုးပါမိုးထားသောကြောင့် မှောင်နေသည် သို့သော် မျက်နှာကျက်တွင် လင်းဆွဲများတွဲလွဲခိုနေဟန် မီးဝါဝါမှိန်များထွန်းထားသည့်အပြင် ရေကန်တွင်းမှလညး မီးထွန်းထားသောကြောင့် ရေမျက်နှာပြင်က ပို၍စိမ်းနေယောင်ထင်နေရသည်

"Soo ရောက်လာပြီလား"

"Soo ရေ အင်္ကျီက ဟိုခုံပေါ်မှာ"

Baekhyun လက်ညိုးညွန်ရာကြည့်လိုက်တော့ bar counter လေးတစ်ခု...စားပွဲရှည်ရှည်နှင့် ထိုင်ခုံအဝိုင်းလေး သုံးခုလောက်ရှိသည် နံရံကပ်စင်ပေါ်တွင်ကား ရောင်စုံပုလင်းကြီးငယ်စုံလင်လျက်.. ပုံသဏ္ဍန်အမျိုးမျိုးရှိသော ဖန်ခွက်ကြည်ကြည်လှလှလေးတွေကိုတောင် တွေ့ရသေးသည်

"နင်ကရေကူးတတ်လို့လား"

Sehun အမေးကို ခေါင်းခါရင်းသာဖြေမိသည်

"ဒါပေမယ့် ရေထဲတော့ဆင်းရမှာနော်"

"နင့်အရပ်မှီတယ် မပူနဲ့ ဆင်းသာဆင်း"

"မဆင်းရင်ဆွဲချမှာ"

ဒူးလောက်ဘောင်းဘီလေးတွေဝတ်ကာ အပေါ်ပိုင်းဗလာကျင်းနေသော Sehunနှင့် Chanyeol က ရေထဲမှအော်ပြောသည် soo လည်း မျက်စောင်းထိုးကာ အင်္ကျိပိုက်ပြီး အပြင်သာပြန်ထွက်ခဲ့သည် ခုနင်က တံခါးမှထွက်ကာ မရောင်မလည်နှင့် အင်္ကျီလဲရန်အခန်းကိုရှာမိသည် မီးဖိုချောင်အဖြတ်တွင် ဝဝပုပုနှင့်အမျိုးသမီးတစ်ယောက်ကိုတွေ့သည် သူကခုနက kai Mama လို့ခေါ်လိုက်တဲ့တစ်ယောက်ဘဲ

"Arjima..."

သူမက soo အသံကြားတော့ လှည့်ရင်း

"ဘာလို လို့လဲ သမီး"

သူ့အသံက ချိုအေးနေသည် ပြုံးလိုက်လျှင် ပါးအိအိကြီးနှစ်ဖက်တွင် ပါးချိုင့်ခွက်ခွက်ကလည်းထင်းနေသည်

Invisible FutureWhere stories live. Discover now