Chapter-11
သည်မှဟိုသို့ ဟိုမှသည်သို့ လူအများ လူးလာသွားလာနေကြသည် မိမိဘဝအသက်ရှင်သန်ရေးအတွက်ဤနေရာတွင်ပစ္စည်းမျိုးစုံရောင်းချနေကြရသည် တစ်ချို့တစ်ချို့ကသူတစ်ပါးအသက်ကိုပင်သတ်ဖြတ်ပြီးတော့ကိုဝမ်းစာရှာနေရသည် ညနေစောင်းဖြစ်၍လူသွားလူလာပို၍များပြားသည် ထိုပြင်ဆူညံကာ မီးရောင်စုံတို့ကလည်းများပြားလှပေသည် အနံ့မျိုးစုံတို့ကလည်း ဂန္ဓာအာရုံသို့ဝင်ရောက်လာကြသည် ဤနေရာကားအခြားမဟုတ်....ဈေး....မြောင်ဒုန်ဈေး....
"ကို ပဲပြားဝယ်ရအောင်"
"အင်း.."
"arjima ပဲပြားဘယ်လိုရောင်းလဲ"
"₩£'¤¤"(ဈေးမဝယ်ဘူးလို့သိဘူး)
"nae အာ့ဆိုယူမယ်"
ချစ်သူလက်ကိုတွဲကာဈေးထဲလျှောက်သွားနေရသော soo အဖို့ပျော်စရာပါ ဟိုဟာဝယ်မယ် ဒီဟာဝယ်မယ်ဆိုပြီး သူ့လက်ကိုကိုယ့်ဖက်ကိုဆွဲတာနဲ့တင်ကျေနက်နေသည်
"soo မပြီးသေးဘူးလား"
"ပြီးသေးပါဘူး အသားတွေတောင် မဝယ်ရသေးဘူး"
kai သက်ပြင်းခိုးချမိသည် ဒီကောင်မလေးနဲ့အလှည့်ကျမှ သူကဈေးလိုနေရာတွေပါတွေရောက်လို့ပါလား အရင်တုန်းကဆို စားသောက်ဆိုင်သန့်သန့်တွင်ပင်ပြီးနေပါရော အခုတော့ ဈေးတဲ့.... kai သူ့ကိုသူတောင်ရယ်ချင်မိသည် ဘာကြောင့်လိုက်လာခဲ့ပါလိမ့်...
"ကို ဟိုမှာ ကြာဆံဝယ်ရအောင်"
"အင်း..အင်း..."
အခုတော့လည်း Do kyoungSoo က တက္ကသိုလ်ကျောင်းသူမဟုတ်ဘဲ အိမ်ရှင်မနဲ့တူနေပါရော kai ကရော ?? သူက မိန်းမဈေးဝယ်တဲ့နောက်ကိုတစ်ကောက်ကောက်နဲအထုပ်လိုက်ဆွဲနေရတဲ့ယောကျာ်းလေ.....
"ဘာကျန်သေးလဲ....အင်း.....အသား....ဟုတ်တယ်...အသား....."
"ဘာသားလဲ"
"ကို... ဟင်းရည်ကို ကြက်သားနဲ့ချက်ကြမလား ငါးနဲ့လား"
"ကြက်ကပိုလွယ်မယ်ထင်တယ်"
"ရတာဘဲ"
ဒီလိုနဲ့ အသားစိမ်းငါးစိမ်းတန်းကိုရောက်သွားပြန်ရော
YOU ARE READING
Invisible Future
De Todoလူအချင်းချင်းသာနီးကပ်နေပေမယ့် နှလုံးသားနှစ်ခုဝေးကွာနေတဲ့အခါ ....... အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်ရဲ့ပျော်ရွှင်မှုထက် သူ့ရဲ့ဘဝတိုးတက်ရေးကို ဦးစားပေးရတဲ့အခါ ...... မထင်မှတ်ထားတဲ့ကံကြမ္မာအလှည့်အပြောင်းကြောင့် ပြန်လည်ဆုံတွေ့ကြတဲ့အခါ ....... မမြင်ရတဲ့...