ချလွင်... ချလွင် ..
" Poရေ Po... Apoရှိလား "
" ဟဲ့ PoPoရေ... ခြံတံခါးမှာရပ်ပြီးအော်နေတာ ဘယ်သူလဲမသိဘူး... ထွက်ကြည့်စမ်းပါ "
" Poရေ... Apo... "
စောစောစီးစီးကို ဘယ်သူလဲမသိဘူး။Po ကျူရှင်စာပြသွားဖို့ ပြင်နေဆဲရှိသေးသည်။
အိမ်ရှေ့ကအဆက်မပြတ်အော်ခေါ်နေသံကြောင့် Po အိမ်ရှေ့ကို ကမန်းကတန်းပြေးဆင်းလာရသည်။
" ဟင် အန်တီဆူး.. စောစောစီးစီး ဘာကိစ္စရှိလို့လဲ "
ဟိုဘက်တစ်လမ်းကျော်က အန်တီဆူး..
Poမျက်လုံးပြူးသွားတာက အန်တီဆူးလက်ထဲမှာ ဖိနပ်စုတ်တွေကိုင်လို့။
" အို.. ဘာကိစ္စရှိရမှာလဲ Poတို့အိမ်ရှေ့မှာ ဖိနပ်ချုပ်ဆိုင်ဖွင့်ထားတယ်ဆိုလို့လာတာ၊ ဘယ်သူဖွင့်ထားတာလဲဟင်.. Poဖွင့်ထားတာလား "
ကြည့်စမ်း။
မိုးလင်းတာနဲ့ ဟိုလူရှုပ်ထားတဲ့ပြဿနာကို Poရှင်းရပြီ။" အန်တီဆူးနော်... အန်တီဆူး စကားပြောတာကြည့်ပြော၊ ဒီလိုဆိုင်မျိုးလား Poကဖွင့်မှာ "
" ဟယ် မသိပါဘူးPoရယ်၊ ရပ်ကွက်ထဲမှာပြောနေတာက Poနဲ့ဟိုအရပ်မြင့်မြင့် အသားဖြူဖြူနဲ့ကောင်လေး စပ်တူဖွင့်တယ်ဆိုလား၊ ရှယ်ယာဖွင့်တယ်ဆိုလား "
" ဘာ... ဘာ.. ဘာပြောတယ် အန်တီဆူး "
Po ဆတ်ဆတ်ထိမခံနိုင်အောင်ဒေါသထွက်သွားရပြီး တစ်ကိုယ်လုံးတုန်လာသည်။
" ဟာ စိတ်မဆိုးနဲ့နော် Po.. အန်တီက မသိလို့ Poကိုမေးမိတာပါ၊ မပြောမဆို ရုတ်တရက်ဗြုန်းစားကြီးဖွင့်လိုက်တာဆိုတော့ ရပ်ကွက်ထဲမှာ ဟိုလူပြော ဒီလူပြောနဲ့ပြောနေသံကြားလို့ အန်တီကမေးမိတာ၊ မဟုတ်ရင်လည်း ပြီးရော ပြီးရော "
" ဟာ.. ပြီးလို့ရမလား.. ပြီးလို့ရမလားဗျ၊ ဒါ ဘယ်သူပြောတာလဲဆိုတာ Poတိတိကျကျသိချင်တယ်၊ ပြောပါ အန်တီဆူး၊ ရပ်ကွက်ထဲမှာ ဒီဆိုင်ဖွင့်တာနဲ့ပတ်သက်ပြီး ဘာတွေပြောနေလဲဆိုတာ Poတိတိကျကျသိချင်တယ် "
YOU ARE READING
My Mysterious Neighbour
Romanceပေါ့ပေါ့ပါးပါးဇာတ်လမ်းလေးပါပဲ.... ဒီficထဲမှာတော့ အထိမခံစွာတေးလေးPoPoနဲ့စွာတေးလေးနဲ့အပြိုင်လိုက်စွာမယ့်Mileကို တွေ့ရမှာပါနော်😉 MileApo fanfic💚💛