မာမားအလစ်မှာ Po စက်ဘီးကလေးကို ဆွဲပြီး လမ်းမကြီးပေါ်က ကော်ဖီဆိုင်လေးတွေရှိရာဘက်သို့ ထွက်လာခဲ့၏။
"ဟဲ့ Nattawin.. ဘယ်သွားမလို့လဲ"
"Ploy .."
Ployနဲ့တွေ့တော့ Po စက်ဘီးကလေးကို အသာရပ်လိုက်၏။
"ဟွန်းး နင်ကတော့ စင်ပေါ်ရောက်နေပြီဆိုတော့ လျှောက်လည်လို့ကောင်းနေတာပေါ့လေ၊ ညက နင်ပြန်မလာလို့ အန်တီနဲ့ငါနဲ့ နင့်ကို လိုက်ရှာနေရသေးတာ၊ အခုရော ဘယ်လိုလဲ.. တကယ်လက်ထပ်ရမယ့် ဖူးစာရှင်နဲ့ဆွေးနွေးရတာ အဆင်ပြေရဲ့လား"
Ployက အတွင်းသိဆိုတော့ မေးပြီ။
"မပြေပါဘူး Ployရာ၊ ဟိုလူကြီးက ချမ်းသာပေမယ့် အလကား"
"ဟင်"
Po ရှုံ့ရှုံ့မဲ့မဲ့လေးပြောနေတာကို ကြည့်ပြီး Ploy မျက်လုံးလေးဝိုင်းသွားရ၏။
ဒီလောက်ချမ်းသာတဲ့ အသိုင်းအဝိုင်းတွေက ကမ်းလှမ်းခဲ့တာတောင် အလကားတဲ့လား။ဒါဆို Nattawin ချစ်နေတာ P'Mileဆိုတဲ့လူကြီးလား။
ဇာတ်လမ်းက ကြည့်လို့တော့ကောင်းတော့မည်။Mile Phakphum ဆိုတဲ့လူကြီးကလည်း အိတ်ကြီးတစ်လုံးဆွဲပြီး ညကပဲ Nattawinတို့အိမ်ကို ပြန်ရောက်လာပြီလေ။မေးလိုက်တော့လည်း မချစ်ဘူး.. မချစ်ဘူးနဲ့။စေ့စပ်ပွဲဖျက်လိုက်တော့လည်း မျက်နှာလေးငယ်ပြီး ညှိုးငယ်သွားလိုက်တာများ။
"Nattawinနော်.. ငါ့ကိုမလိမ်နဲ့ မှန်မှန်ပြောစမ်း... နင် အခုထွက်လာတာ Mile Phakphumဆိုတဲ့ နင့်လူကြီးကို တွေ့ချင်လို့ စက်ဘီးတစ်စီးနဲ့လိုက်ရှာနေတာ ဟုတ်တယ်မလား.. အဲ့ဒါဆို လိုက်မရှာနဲ့၊ အဲ့ဒီလူကြီးက ဟိုနားက ကော်ဖီဆိုင်မှာ ထမင်းခုနစ်ရက်မစားရတဲ့မျက်နှာနဲ့ ငူတူတူလေးထိုင်နေတာ.. ငါ အခုပဲတွေ့လာခဲ့တယ်"
"ဟင် ဟုတ်လား"
ဒီလိုကြတော့လည်း Nattawin မျက်နှာလေးပြုံးသွားတာ ငယ်ထိပ်တည့်တည့်ကို ထုပစ်ချင်စရာလေး။ဒီလောက်ဆို ဒီဇာတ်လမ်းအဆုံးကို သူမ သိသွားပြီလေ။ဟိုဘက်က ကမ်းလှမ်းနေတာကို Nattawinက လက်မခံနိုင်လို့ပြန်လာ၊
Mile Phakphumဆိုတဲ့ သူ့လူကြီးနဲ့စေ့စပ်ပွဲကို တစ်ကနေပြန်စ။

YOU ARE READING
My Mysterious Neighbour
Romanceပေါ့ပေါ့ပါးပါးဇာတ်လမ်းလေးပါပဲ.... ဒီficထဲမှာတော့ အထိမခံစွာတေးလေးPoPoနဲ့စွာတေးလေးနဲ့အပြိုင်လိုက်စွာမယ့်Mileကို တွေ့ရမှာပါနော်😉 MileApo fanfic💚💛