Part 9

791 11 3
                                    

"PoPoလာဦး.. မာမားပြောစရာရှိလို့ "

"ဟုတ် မာမား "

မာမားကခေါ်လိုက်တာကြောင့် Poမာမားအနားမှာကပ်ထိုင်လိုက်သည်။

"မာမားကို ရပ်ကွက်ထဲကလူတွေက ဝိုင်းမေးနေကြတယ်သိလား "

"ဟင် ဘာမေးကြတာလဲ "

"Poနဲ့Mileနဲ့ပတ်သက်တာတွေကိုပေါ့..အားလုံးက မာမားတို့ကိုစပ်စုတဲ့မျက်လုံးတွေနဲ့ဝိုင်းကြည့်နေကြတာလေ "

မာမားပြောလာတဲ့စကားကြောင့် Poမျက်မှောင်လေးကျုံ့မိသည်။Poဒီလောက်ဆို သဘောပေါက်ပြီလေ။

"ဟွန့် အဲ့ဒါကြောင့်မို့ မာမားကို အစကတည်းက Poပြောသားပဲ.. အဲ့လူကြီးနဲ့အရောမဝင်ပါနဲ့ဆိုတာကို.. တွေ့လား အခု ပတ်ဝန်းကျင်ကဝေဖန်တာတွေကို မာမားကြားလာရပြီမလား.. "

Po ဆူဆူအောင့်အောင့်လေးပြောလိုက်တော့ မာမားက မချိပြုံးလေးပြုံးသည်။

"ကဲ မာမားကို သူတို့ကဘာတွေမေးပြီးဘာတွေစပ်စုကြတာလဲ Poကိုပြောကြည့် "

Poမာမားရဲ့မျက်နှာကိုကြည့်ပြီး ရယ်လည်းရယ်ချင်သည်။သူပဲ အဲ့လူကြီးကို အရမ်းတွေသဘောကျပြီး သားလေး သားလေးနဲ့ ပါးစပ်ဖျားကနေမချခဲ့တာမလား။အခု ပတ်ဝန်းကျင်ကပြောလာတော့လည်း မာမားမှာမခံစားနိုင်ဘူးဖြစ်နေရှာတာနေမှာ။

"aww အဟင်းး ဒီလိုပဲပေါ့ Poရယ်.. လူတွေက အလုပ်မရှိအလုပ်ရှာစောင့်ကြည့်ဝေဖန်နေကြတာမလား..မာမားက ကိုယ်ကောင်းရင်ခေါင်းဘယ်မှ‌မရွေ့ဘူးလို့ထင်ထားပေမယ့် အခုလိုတွေစပ်စုပြောလာတော့လည်း စိတ်ထဲမှာမကျေမနပ်တော့ဖြစ်မိတာပေါ့..အဲ့တော့ ဒီနေ့ကစပြီး မာမားတို့ Mileနဲ့ခပ်စိမ်းစိမ်းနေမှဖြစ်တော့မယ် Po "

"ဟင် ဘယ်လို မာမား "

မာမားပြောလိုက်တဲ့စကားကြောင့် Poလန့်သွားရပြီ။ဒီနေ့ကစပြီး ဟိုလူကြီးနဲ့ခပ်စိမ်းစိမ်းနေမှဖြစ်တော့မယ်တဲ့...
အဲ့ဒါPoအတွကိ ပြဿနာပဲ။ဒီလောက်အရောတဝင်ကြီးနေလာခဲ့ပြီးမှ ရုတ်တရက်ကြီးတည်တည်ကြီးတွေဖြစ်ကုန်မယ်ဆိုရင် ဟိုလူကြီး ဘယ်လိုထင်မလဲ။

My mysterious neighbourWhere stories live. Discover now