Part 8

851 13 5
                                    

ခြေထောက်က ပြန်ကောင်းသွားပြီမို့ စက်ဘီးကလေးနင်းရင်း ဈေးဘက်ကိုတစ်ယောက်တည်းထွက်လာခဲ့တဲ့Po...

ထုံးစံအတိုင်း တီရှပ်အစိမ်းရင့်ရောင်လေးကို စတိုင်ပန်အနက်တိုလေးထဲထည့်ဝတ်ကာ sneakerဖိနပ်အဝါရောင်လေးကို စီးထားသေးသည်။နဖူးပေါ်ခပ်အုပ်အုပ်ကျနေတဲ့ဆံပင်လေးတွေက လေတစ်ချက်အဝှေ့မှာ လွင့်ခနဲဖြစ်သွားသေးသည်။ဘယ်သူကမြင်မြင် Poမျက်နှာလေးက နုသစ်လန်းဆန်းပြီး ချစ်ဖို့ကောင်းနေတာတော့ အမှန်ပဲဖြစ်သည်။

"Apo.. ခြေထောက်ကောင်းသွားပြီလား "

"အန်တီဆူးပါလား.. ဒီမှာဘာလုပ်နေတာလဲ "

အန်တီဆူးက ထီးအစင်းကြားကြီးဆောင်းပြီး ဈေးအဝမှာ ပြုံးပြုံးကြီးရပ်နေတာ။

"ဘာလုပ်ရမှာလဲ.. Apoကိုတွေ့လို့စောင့်နေတာလေ.. ဘယ်နေ့စားရမှာလဲဆိုတာမေးမလို့ ဟင်းဟင်း "

"ဟင်.. ဘာ..ဘာကိုလဲ "

Poနားမလည်လိုက်လို့ မေးလိုက်သည်။

"ဟွန်းး မလိမ်နဲ့နော် Apo.. အန်တီဆူး သတင်းတွေအကုန်ကြားနေရလို့မေးတာ.. Apoနဲ့ဟို ဟိုMile Phakphumဆိုတဲ့ကောင်လေး အဆင်ပြေနေပြီဆို "

"ဘာ.. ဘာဖြစ်တယ် "

Poဒေါသထွက်လာသလို မျက်နှာလေးကပါရဲလာသည်။

"ဒါ ဒါ အန်တီဆူးကို ဘယ်သူပြောတာလဲ.. အဲ့ဒါ အဲ့ဒါ Poကို တမင်သက်သက်သိက္ခာကျအောင်စော်ကားတာ "

"အမယ်လေး Apoရယ်.. တစ်ရပ်ကွက်လုံး ဟိုးလေးတကျော်ကျော်ဖြစ်နေတဲ့ကိစ္စကြီးကို Apoက ငြင်းချင်သေးလို့လား ဟင် "

"ဘယ်လို.. တစ်ရပ်ကွက်လုံး ဟိုးလေးတကျော်ကျော်တောင်ဖြစ်နေတယ်ဟုတ်လား အန်တီဆူး "

"ဖြစ်တယ် ဖြစ်တယ်.. မီးလောင်တဲ့ညကဆိုရင် ခြေထောက်နာနေတဲ့Apoကို Mileက ပွေ့ချီပြီးတော့တောင် ကယ်ထုတ်သွားတာဆို... ပြီးတော့လည်း ဈေးသွားဟင်းချက်နဲ့ ရေပိုက်ပြင်ပေးတာကအစ Mileကပဲလုပ်နေရတာတဲ့.. အိမ်ပွဲစားအပျိုကြီးကိုလည်း ထမင်းစားတောင် ဖိတ်ကျွေးလိုက်သေးတယ်တဲ့.. ကဲ သတင်းတွေက ဒီလောက်တောင်ခိုင်နေတဲ့ဥစ္စာကို Apoက ရှက်ပြီးတော့ငြင်းချင်သေးတာလား "

My mysterious neighbourWhere stories live. Discover now