"ဘေးကိုနော်.. ဘေးကို.. ဘေးကို.."
"ဟာ... ဟာ.."
"ဘေးကိုဖယ်.. မရတော့ဘူး တိုက်ပြီ"
ကျွီ... ဒေါင်း.. ဂျောင်း...
"အမယ်လေး သေပါပြီ"
အော်သံနဲ့အတူ စက်ဘီးရောလူပါ လမ်းပေါ်သို့ဝုန်းခနဲလဲကျသွားသည်။
"အား နာလိုက်တာ...
ခင်ဗျားဘယ်လိုလုပ်လိုက်တာလဲ ဟင့် နာလိုက်တာ ကျွတ် ကျွတ် ဘယ်လိုလုပ်မလဲ အဟင့်"လူကပါစက်ဘီးနဲ့ပါပြီး Poတော်တော်နဲ့ပြန်ထလို့မရ။Po ဒေါသထွက်ထွက်နဲ့ငုတ်တုတ်လေးထထိုင်ပြီး လှမ်းကြည့်လိုက်တော့ Poဘေးမှာဖင်ထိုင်လဲကျနေတဲ့လူတစ်ယောက်။သူကလည်း အိတ်တခြားလူတခြားလွင့်ကာ မျက်နှာလေးကပါရှုံ့မဲ့လို့။
"ခင်ဗျား ခင်ဗျား.. လူတစ်ယောက်လုံးစက်ဘီးနဲ့လာနေတာတောင် မမြင်တော့ဘူးလား ဟမ်..ဟိုမှာ ခင်ဗျားကြောင့် Poစက်ဘီးလဲသွားပြီ။ဒီမှာဖိနပ်လည်းပြတ်သွားပြီ.. ခင်ဗျား လျော်ပေး"
"ဘာကွ!!"
Po နှုတ်ခမ်းလေးစူတင်းကာ လူးလဲထလိုက်သည်။
Poထတော့ သူကပါမကြည်မလင်မျက်နှာလေးနဲ့လိုက်ထတယ်။Poကိုလည်း မကျေမနပ်လှမ်းကြည့်သည်။
"ဒီမှာ မင်းဟာမင်းပဲအပြည့်နဲ့နားကြပ်ကြီးတပ်ပြီး စက်ဘီးနင်းလာလို့ခုလိုဖြစ်တာလေ။လျော်လည်းမပေးနိုင်ဘူး.. မကျေနပ်ရင်တိုင်ချင်ရာသွားတိုင် ဒါပဲ"
အောင်မယ် အောင်မယ်... ကြည့်စမ်း..ဒီလူ!
Po ခါးကလေးထောက်ပြီး လက်မောင်းကအင်္ကျီစကိုပါ အဆုံးထိဆွဲတင်ပစ်လိုက်သည်။Poကပဲ ပဲအပြည့်နဲ့စက်ဘီးစီးလာလို့ဖြစ်ရတာတဲ့။သူကပဲရန်တွေ့ရတယ်ရှိသေး အံ့ဩပါ့။သူများကိုပြောနေတာ အားမနာလျှာမကျိုးနဲ့။
"ခင်ဗျား.. ခင်ဗျား ဘာစကားပြောတာလဲ"
"ဟ့.. ဘာပြောရမှာလဲ.. တကယ်ဆိုဝင်တိုက်တာကမင်းလေ.. နားကြပ်ကြီးတပ်ပြီးfeelနေတာ။ငါရှောင်တဲ့ဘက်ကို စက်ဘီးအတင်းကွေ့တော့ မတိုက်ဘဲနေပါတော့မလားကွ"

YOU ARE READING
My Mysterious Neighbour
Romanceပေါ့ပေါ့ပါးပါးဇာတ်လမ်းလေးပါပဲ.... ဒီficထဲမှာတော့ အထိမခံစွာတေးလေးPoPoနဲ့စွာတေးလေးနဲ့အပြိုင်လိုက်စွာမယ့်Mileကို တွေ့ရမှာပါနော်😉 MileApo fanfic💚💛