Part 13

793 15 11
                                    

ဒီအပိုင်းလေးက လက်ကျန်ရေးထားတာလေးရှိလို့ ပြီးအောင်ဆက်ရေးပြီး upပေးလိုက်တာပါ💕 အောက်ဆုံးမှာလည်း စာလေးအနည်းငယ်ရေးထားသေးတာမို့ အချိန်လေးပေးပြီးဖတ်ပေးဖို့ တောင်းဆိုပါရစေ💕




အိစက်သောကတ္တီပါကော်ဇောခင်းကြမ်းပြင်ပေါ် Poခြေချရပ်လိုက်မိချိန်မှာ Poမျက်နှာလေးကို တင်းတင်းလေးမော့လိုက်မိတာက အရမ်းတင့်တယ်စွာခံစားနေရသည့် ပါပါးရဲ့ချမ်းသာကြွယ်ဝမှုတွေကို Poရုတ်တရက်တွေးလိုက်မိလို့ပဲဖြစ်သည်။


လိုလေသေးမရှိအောင် အဖိုးတန်ခေတ်မီအသုံးအဆောင်ပစ္စည်းများဖြင့် တခမ်းတနားရှိနေတဲ့ ဧည့်ခန်းကျယ်ကြီးထဲက ရင်သပ်ရှုမောဖွယ်ရာမြင်ကွင်းတွေ၊ အကောင်းစားအိစက်နေတဲ့ ကျွန်းကနုတ်ထွင်းပန်း ဆက်တီခုံကြီးတွေ၊ နိုင်ငံခြားဖြစ်ကြွေပန်းအိုးကြီးတွေထဲမှာ ထိုးစိုက်ထားတဲ့ အရမ်းလှသောပန်းရောင်စုံအပွင့်ကြီးတွေ။


Poရပ်နေရင်းနဲ့ စိတ်ထဲမှာ သိမ်ငယ်သလိုတောင်ဖြစ်သွားမိတယ်။


ခြံဝကနေ ဒီဧည့်ခန်းထဲရောက်ဖို့အထိကို ခွင့်ပြုချက်အဆင့်ဆင့်တောင်းခံလာခဲ့ရတာတွေ၊Khun Mattရဲ့သားပါလို့ အသေအချာပြောပြနေသည့်ကြားကပင် ခြံတံခါးကြီးကိုဖွင့်မပေးသေးဘဲ Poကိုပဲ အသေအချာပြူးပြဲစိုက်ကြည့်ကာ မေးခွန်းတွေအထပ်ထပ်မေးနေလို့ ဖြေခဲ့ရတာတွေ။


မာမားကိုယ်တိုင်က ပါပါးရဲ့ကျန်းမာရေးအတွက် သွားကြည့်လိုက်ပါ သားရယ်ပြောလို့ Po ပါပါးရှိတဲ့တော်ဝင်နန်းကြီးတစ်ခုဆီကို ပထမဆုံးရောက်လာခဲ့ရတာမှန်ပေမယ့် ရင်တွေတုန်ပြီး ခြေဖျားလက်ဖျားတွေပါ အေးစက်နေရတာကတော့ တကယ်ကိုအသေအချာပါပဲ။


ပိုဆိုးသွားရတာက ဧည့်ခန်းအဝမှာ ခြေချရပ်လိုက်မိချိန်မှာပါပဲ။


"ဒီမှာထိုင်ပြီး ခဏစောင့်ပါ "


အသားမည်းမည်းဝဝမိန်းမတစ်ယောက်ရဲ့ စူးစမ်းအကြည့်လေးနဲ့ကြည့်တာကိုခံနေရသလို သူပေးတဲ့အမိန့်တွေအောက်မှာ မယောင်မလည်လေးနဲ့လှုပ်ရှားနေရတာကလည်း Poအတွက်တော့စိတ်မသက်မသာခံစားနေရတဲ့ ကျဉ်းကျပ်မှုတစ်ခုပဲလို့ Poတစ်ယောက်တည်းတွေးရင်း နှုတ်ခမ်းလေးမဲ့ပြီးတော့တောင် ပြုံးမိသေးသည်။


My mysterious neighbourWhere stories live. Discover now