Part 11

761 12 6
                                    

"Mile မင်းတကယ်ပြောနေတာလား "


"တကယ်ပြောတာပေါ့ Khun Wikရဲ့..ကျွန်တော်က တစ်ခြားမြို့ကနေလာတဲ့ တစ်ကောင်ကြွက်တစ်မျက်နှာလေးမို့  ကျွန်တော် Poကိုလက်ထပ်တောင်းရမ်းမယ့်ကိစ္စမှာ ဒီကKhun Wikကို ကျွန်တော့်ရဲ့အုပ်ထိန်းသူအနေနဲ့ လိုက်ခဲ့ပေးဖို့ လာမေတ္တာရပ်ခံနေတာပါ..ပြီးတော့ ရပ်ကွက်ထဲက လူကြီးတွေကိုလည်း သက်သေအနေနဲ့ ကျွန်တော်ဖိတ်ချင်သေးတယ် Khun Wik "


"ဟားဟား မင်းတော်တော်သွက်တဲ့လူပါလား Mileရာ.. မင်းယောက္ခမဖြစ်လာမယ့်Khun Dewကိုပါ အပိုင်ချုပ်လိုက်တယ်ပေါ့လေ "


"ဒီလိုပဲပေါ့ Khun Wikရယ် ဟဲဟဲ "


"ငါတော့အံ့ဩတယ်ကွာ.. Apo Nattawinဆိုတာ ရပ်ကွက်ထဲမှာ ဘယ်သူမှမထိရဲတဲ့ ဆတ်ဆတ်ကြဲကောင်လေးကွ.. မင်းနဲ့ကျမှ အိုကေမှာစိုပြေတာတွေဖြစ်ကုန်တာ... လေးစားတယ်ကွာ.. ကဲ အခု မင်းက ဘယ်လိုတွေစီစဥ်ထားလဲ ပြော "


Khun Wikက မေးပြီဆိုမှတော့ သူဖြစ်ကြောင်းကုန်စင်ကို အကျဉ်းချုံးပြောပြလိုက်ရပြီပေါ့။


"အဲ့ဒါပဲ Khun Wikရေ.. Poမာမားက စိတ်မြန်လက်မြန်နဲ့ပေးစားဖို့သဘောတူလိုက်လို့ ဒီအခြေအနေထိရောက်ကုန်တာ.. အဲ့ဒါ မိသားဖသားပီပီ ရိုးရာမပြတ်လာတောင်းရမယ်ဆိုလို့ Khun Wikဆီမှာ ကျွန်တော်က အကူအညီလာတောင်းရတာ... ကျွန်တော့်ကိုကူညီပါနော် Khun Wik "


"အေးပါကွာ... မင်းကြည့်ရတာလည်း ရိုးသားကြိုးစားပြီး Apoကိုလည်း တော်တော်လေးကိုချစ်မယ့်ပုံ ဟုတ်တယ်မလား Mile "


"ဟဲဟဲ Khun Wikက ဘယ်လိုသိလဲဗျ "


"မင်းမျက်လုံးတွေ ဒီလောက်အရောင်လက်နေတာ ငါ့မျက်လုံးတွေတောင် တော်တော်စူးနေပြီဟ.. "


"ဟားဟားဟား Khun Wikကတော့ဗျာ"


Khun Wikကတော့ သဘောကောင်းပြီးပျော်ပျော်နေတတ်တဲ့သူပီပီ သူ့ကိုစနောက်သည်။Poကို တောင်းရမ်းဖို့ကိစ္စကိုလည်း သူအားလုံးကူညီပေးမယ်ဟု ကတိပေးသည်။


ဒီလိုနဲ့ပဲ တောင်းရမ်းပွဲမှာ အစစအရာရာလိုအပ်တာလေးတွေကို မလစ်ဟင်းရအောင် သူ့မှာအပြေးစီစဉ်ရသည်။ကူညီပေးတဲ့လူတွေကို ကျွေးမွေးဧည့်ခံနိုင်ဖို့လည်း သူ့မှာဟိုပြေးရဒီပြေးရနဲ့။


My mysterious neighbourWhere stories live. Discover now