Part 7

840 14 10
                                    

" မီးဗျို့... မီး... မီး... "

" မီးလောင်နေတယ်ဟေ့ "

" မီးလောင်နေတယ် "

တစ်ရပ်ကွက်လုံးတိတ်ဆိတ်ငြိမ်သက်စွာ အိပ်မောကျနေရာကနေ မီးလောင်နေတယ်ဆိုပြီး ငရဲပွက်သလိုအော်ဟစ်ပြေးလွှားသံတွေ ဆူညံသွားရတာမို့ Mile လန့်နိုးလာပြီး အပြင်ကိုကြည့်လိုက်တော့

Shit!!

မီးက နှစ်အိမ်ကျော်လောက်မှာလောင်နေတာ....
ဝုန်းခနဲတက်လာတဲ့မီးတောက်ကြီးက နည်းနည်းနောနောမဟုတ်ဘူး။

" Mileရေ... Mile... လုပ်ပါဦး.. မီး.. မီးတဲ့ "

ဟိုဘက်အခန်းက မားရဲ့အသံက အလန့်တကြားပေါ်လာသည်။

" မရတော့ဘူး မား.. မရတော့ဘူး.. မီးက ကျွန်တော်တို့အိမ်ဘက်ကို ကူးလာတော့မယ် "

" ဘုရား.. ဘုရား.. ဘုရားကယ်ပါ "

မီးတောက်ကြီးကိုကြည့်ကာ မားက ကြက်သေ,သေနေသလို တစ်ကိုယ်လုံးလည်း တဆတ်ဆတ်တုန်ယင်နေသည်။

" မား.. မား ပြေး.. ပြေး.. လူပဲလွတ်အောင်အရင်ပြေး မား.. "

သူက ပြေးလို့ဆိုလိုက်တာတောင် မားက ဘယ်လိုပြေးလို့ပြေးရမှန်းမသိဖြစ်နေသည်။

" Po... Poလေးကိုခေါ်ပါဦး သားရယ်.. အိပ်ဆေးတွေသောက်ပြီးအိပ်နေတာ ဘုရား.. ဘုရား "

" ရတယ် မပူနဲ့.. မားပဲလွတ်အောင်ပြေး.. Poကို ကျွန်တော်ခေါ်ထုတ်ခဲ့မယ်.. ဒုက္ခပါပဲကွာ.. အရေးထဲကျမှ အိပ်ဆေးတွေသောက်ထားရတယ်လို့ ကျစ်!! "

Mile ဘာကိုမှမစဉ်းစားနိုင်တော့ဘဲ Poအိပ်ခန်းထဲပြေးဝင်ကာ ခြင်ထောင်လေးကိုပြေးလှန်ကြည့်လိုက်တော့...

Oh god!!!

သေစမ်းကွာ...
Poအိပ်နေတာလေးက ပေါင်လယ်လောက်ထိတိုတဲ့ဘောင်းဘီနီနီရဲရဲပါးပါးလေးနဲ့... အပေါ်ကရှပ်အင်္ကျီပါးပါးလေးကိုလည်း ကြယ်သီးသုံးလုံးလောက်အထိဖြုတ်ထားသေးသည်။

" Po... Po.. ဟေးး ထဦး "

" အင်းးး ဟင် ဘယ်သူလဲ "

" ကိုယ်... ကိုယ်ပါ.. Mile Phakphum "

" ဟင်.. Poအခန်းထဲကို ခင်ဗျား.. ခင်ဗျား.. မာမားရေ... ဟောဒီမှာ Poအခန်းထဲကို သူခိုးဝင်နေပြီ.. သူခိုး သူခိုး "

My mysterious neighbourWhere stories live. Discover now