Part 5

1.2K 18 2
                                        

" မားရေ... မားရှိလားဟင် "


" ဟဲ့ အခန်းရှေ့မှာရပ်နေတာ ဘယ်သူလဲ၊ Mileလား "


" ဟုတ်တယ် မား၊ ဒီမှာလေ မားကိုစားစေချင်လို့ ကွေ့တီယိုလေးလာပို့ပေးတာ"


" ဟယ် ကြည့်စမ်း "


ဒီသူငယ်လေး ဘယ်ဆိုးလို့လဲ။
အိမ်နီးနားချင်းကို သိတတ်လိုက်တာလည်း မပြောနဲ့။
မိုးလင်းက မိုးချုပ် ပိုက်ဆံလည်းရှာ၊ အလုပ်လည်းကြိုးစား။


ဆိုင်ကိုလာလိုက်ကြတဲ့ဖောက်သည်တွေကလည်း တစ်ယောက်ပြီးတစ်ယောက်၊ ဘာပဲပြောပြော ဒီလိုရပ်ကွက်ထဲမှာ ဆိုင်လာဖွင့်ပြီး ခဏလေးနဲ့အောင်မြင်တာ ဒီသူငယ်လေးတော်လို့ပေါ့။


" သားရယ် ဒုက္ခရှာလို့ကွယ်၊ ဒီလောက်အလုပ်များနေတဲ့ကြားက ဘယ်ဆိုင်ကနေ တကူးတကဝယ်လာခဲ့တာလဲကွယ် "


" တကူးတကမဖြစ်ပါဘူး မားရဲ့၊ ဟိုဘက်ရပ်ကွက်ထဲမှာ ရေခဲသေတ္တာပျက်နေလို့ လိုက်ပြင်ပေးရင်းနဲ့ ဝယ်လာတာလေ၊ ဟဲဟဲ မားကိုစားစေချင်လို့ "


သူက ရယ်ရယ်မောမောနဲ့ပဲ မားလက်ထဲကို အထုပ်ကလေးထည့်ပေးသည်။


Khun Dewကတော့ ကျေနပ်လို့မဆုံး။
ကောင်လေးက စိတ်ကလေးကလည်းဖြူ၊ ရုပ်ကလေးကလည်း ချော။
တစ်ကိုယ်ရေ တစ်ကာယသမားလေးပေမယ့် ရိုးရိုးသားသားတတ်ထားတဲ့ပညာလေးနဲ့ သူ့ခမျာလုပ်စားနေရရှာတာ။


တော်သေးတာက Poက အပြင်ကိုခဏဆိုပြီးထွက်သွားလို့။ပြောရရင် ဒီသူငယ်လေးကိုပဲ မျက်စောင်းတရွယ်ရွယ်နဲ့ ကိုယ့်သားက မကျေမနပ်ဖြစ်နေတာ။


" မား "


" ဟင်.. ဘာလဲသား ပြောလေ "


" ကျွန်တော် မားကို အရမ်းခင်တယ်ဗျာ "


" အို မားကလည်း သားကို စတွေ့ကတည်းက အရမ်းခင်ပါတယ် သားရဲ့၊ ဘာဖြစ်လို့လဲ "


" အခုလေ.. မား "


" အင်း.. သားပြောလေ "


" မားရဲ့သားကို မခံချင်အောင် စလိုက်မိလို့ မားရဲ့သားက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ သွားတိုင်နေပြီလေ "


My Mysterious NeighbourWhere stories live. Discover now