Part 10

803 11 8
                                    

"ဒီမှာ ခင်ဗျားနဲ့အပြတ်ဆွေးနွေးစရာရှိတယ်.. ဘုရားမှာစောင့်နေမယ် အခုချက်ချင်းလိုက်ခဲ့ "


သူ့ကိုပြောပြီး လက်ကနာရီကိုကြည့်လိုက်တော့ ညနေ၆နာရီထိုးနေပြီ။
အပြင်မှာလည်း မှောင်ရိပ်လေးက သန်းစပြုနေပြီ။


Poအရှေ့ကနေ စက်ဘီးကလေးတွန်းပြီးသွားတော့ သူက အနောက်ကနေ အူလည်လည်မျက်နှာလေးနဲ့လိုက်လာသည်။ဝတ်ထားတာကလည်း အင်္ကျီအစုတ် ဘောင်းဘီအစုတ်နဲ့။


"Poရာ ချိန်းတွေ့မယ်ဆိုရင်လည်း စောစောစီးစီးကြိုပြောရောပေါ့.. ခုတော့ကိုယ့်မှာလိုက်သာလိုက်လာရတာ အင်္ကျီအစုတ် ဘောင်းဘီအစုတ်နဲ့.. မင်းလုပ်တာနဲ့ ကိုယ်ရင်တွေတောင်တုန်နေပြီ သိလား "


"ခင်ဗျား အပိုတွေပြောမနေနဲ့နော် "


Poဘုရားကိုရောက်တော့ သူ့ဘက်ကိုချာခနဲလှည့်ကြည့်လိုက်ပြီး


"ခင်ဗျားမှာ ဘာရည်ရွယ်ချက်တွေရှိနေလို့ Poကိုအမျိုးမျိုးအကွက်ဆင်ပြီး အပိုင်သိမ်းဖို့ကြိုးစားရတာလဲ.. ခင်ဗျားကြောင့် မာမားစိတ်တွေတစ်မျိုးပြောင်းပြီး ခင်ဗျားနဲ့ပေးစားဖို့သဘောတူလိုက်တာ.. Poမှာ ဘာအပြစ်ရှိလို့လဲ ဟမ် ခင်ဗျားပြောလေ "


Po ခါးခါးသီးသီးလေးပြောမိသည်။
ပတ်ဝန်းကျင်မှာ ကောလဟလတွေလျှောက်လွှင့်ပြီး မေးရင်လည်း ဟိုလိုလိုဒီလိုလို မပြတ်မသားတွေလုပ်။သူ အဲ့လိုတွေလျှောက်လုပ် လျှောက်ပြောတော့ ပတ်ဝန်းကျင်ကအထင်မလွဲပဲနေပါတော့မလား။


Poပြောလိုက်တော့ သူ့မျက်နှာတစ်ချက်ပျက်သွားသလို Poနဲ့မလှမ်းမကမ်းနေရာလေးကနေ Poကိုကြည့်နေပြန်သည်။ပြီးမှ အနားကို‌တစ်လှမ်းချင်းတိုးကပ်လာသည်။


"မင်းပြောချင်တာပြော Po.. ကိုယ်ကလည်း မင်းပြောသမျှခံဖို့ဆုံးဖြတ်ပြီးသား... အရေးကြီးတာက ကိုယ်မင်းကိုချစ်တယ်.. ချစ်တာမှ ထားစရာနေရာမရှိအောင်ကို တုန်နေအောင်ချစ်တာ "


"ရူးနေပြီပဲ ခင်ဗျား "


"ဟုတ်တယ် ကိုယ် မင်းကြောင့်ရူးနေပြီ.. အဲ့ဒါကြောင့် ကိုယ့်ကိုကြည့်ပြီးဟာသမလုပ်ပါနဲ့ Po "


My mysterious neighbourWhere stories live. Discover now