Part 12

761 13 24
                                    

"မင်း.. မင်းဘာမှမပြောနဲ့တော့ Dew.. ငါအဖေ.. ငါ့သားအတွက် အနာဂတ်ကောင်းစားရေးကို စီစဉ်ပေးရမယ့်တာဝန် ငါ့မှာအပြည့်ရှိတယ်..ငါ့လုပ်ရပ်တွေကိုမကျေနပ်လို့ ငါထောက်ပံ့တာကို မင်းလက်မခံတာမှန်ပေမယ့် ငါ့သားရဲ့ဘဝနောင်ရေးအတွက် မင်းသဘောတစ်ခုတည်းနဲ့ ထင်ရာလုပ်ခွင့်မရှိဘူး "


"ဟုတ်ပါတယ်Dewရယ်.. ဖြစ်ခဲ့သမျှတွေအားလုံးအတွက်လည်း Dewကို တို့တောင်းပန်ပါတယ်...တို့ကြောင့် Dewတို့အိမ်ထောင်ရေးပျက်ခဲ့ရတာ တို့မှာတာဝန်အပြည့်ရှိပါတယ်၊ဒါကြောင့်မို့ Dewတို့အခုစီစဉ်ထားတဲ့ စေ့စပ်ကြောင်းလမ်းမယ့်ကိစ္စကိုဖျက်သိမ်းပြီးတော့ တို့ပထမအိမ်ထောင်က ပါလာတဲ့သားနဲ့ သားApoကို လက်ထပ်ပေးပါရစေ၊ ပိုင်ဆိုင်သမျှကုမ္ပဏီလုပ်ငန်းတွေ၊စည်းစိမ်ချမ်းသာအားလုံး သားနှစ်ယောက်ကို လက်ဖွဲ့ပါ့မယ် "


ဟင်...
ဘယ်လိုဖြစ်တာလဲ။


ပါပါးရဲ့နောက်အိမ်ထောင် အန်တီMinကိုယ်တိုင်က သူတို့အမှားတွေကိုဝန်ခံပြီး မာမားရှေ့မှာ အောက်ကျနောက်ကျခံ Poကိုလာတောင်းနေတာ။
သူတို့မှာ တာဝန်ရှိလို့ပါတဲ့။


"ဟုတ်တယ်Dew.. အခုငါ့မှာလည်း ကုလို့မရတော့တဲ့အသည်းကင်ဆာရောဂါပိုးကြီးစွဲကပ်နေပြီလေ.. ငါက မကြာခင်မှာသေရတော့မယ့်လူပါ.. ဒါကြောင့်မို့ Minတောင်းဆိုတာကို ငါလဲသဘောကျသလို မင်းလဲခွင့်ပြုလိုက်ပါ..အခု Minသားက USမှာရောက်နေတာလေ.. မနက်ဖြန်ဆိုရင်ပဲ ဘန်ကောက်ကိုပြန်လာတော့မယ် "


Khun Dewတစ်ယောက်လည်း အံ့ဩနေတဲ့မျက်နှာလေးနဲ့။


Minကိုယ်တိုင်ကပါ အောက်ကျခံတောင်းပန်ပြီး သူ့သားနဲ့ပေးစားပါရစေတဲ့။Poပါပါးကလည်း အသည်းကင်ဆာဖြစ်နေပြီတဲ့။


ဒီမှာလည်း ဘယ်လိုလုပ်မလဲ။


Mileနဲ့ရပ်ကွက်လူကြီးတွေကလည်း သားကိုလာတောင်းတော့မှာ။အဲ့ဒါမှပြဿနာပဲ။


Poကိုလှမ်းကြည့်လိုက်တော့ စကားဝိုင်းထဲ ဘာတစ်ခွန်းမှတော့ဝင်မပြောပေမယ့် စူပုတ်ပုတ်မျက်နှာလေးနဲ့ သူတို့ပြောတာတွေကို မကျေမနပ်ဖြစ်နေသလိုလိုလေး။Poက ငယ်ငယ်လေးကတည်းက သူ့ပါပါးကို နာကျည်းနေခဲ့တာလေ။အခု သူ့ပါပါးက ရောဂါဆိုးကြီးစွဲကပ်ပြီး တောင်းတောင်းပန်ပန်လေးလာပြောနေတာဆိုတော့ သူမကိုယ်တိုင်လည်း စိတ်ထဲမှာမကောင်းဖြစ်မိတယ်။


My mysterious neighbourWhere stories live. Discover now