ဟင်!!
Po ဖျတ်ခနဲလန့်နိုးလာတာနဲ့ ခုတင်ပေါ်ကနေ လူးလဲထရပ်ပြီး ကြည့်လိုက်တော့.. ဟိုလူအိပ်နေတာက Poခုတင်ဘေးက ဆိုဖာပေါ်မှာ။
နာရီကိုလှမ်းကြည့်လိုက်တော့ မနက်ငါးနာရီအတိ။
ကြည့်စမ်း၊ ညက ဒီလူကြီးနဲ့Po အခန်းထဲမှာ အတူတူအိပ်ခဲ့တာပဲ။
သူပြောသလို သူ Poကို အခွင့်အရေးမယူခဲ့တာပဲ ကျေးဇူးတင်ရမလိုလို။ညက Po စိတ်မောလူမောနဲ့ နှစ်ခြိုက်စွာအိပ်ပျော်သွားခဲ့တာပဲဖြစ်ရမယ်။Po တွန့်ကြေခေါက်နေတဲ့အင်္ကျီကို ဆွဲဆန့်လိုက်သည်။အရေးကြီးတာက Poမျက်နှာသစ်ဖို့ပါ။
ခုတင်ပေါ်ကနေထရင်း ဟိုဟိုဒီဒီလျှောက်လာကြည့်လိုက်တော့ အိပ်ခန်းကျယ်ကြီးနှင့်တွဲလျှက်တစ်ဖက်မှာ ရေချိုးခန်းနဲ့အိမ်သာက မီးရောင်တွေ ထိန်လင်းလို့ရှိနေသည်။
ရေချိုးခန်းထဲမှာ သွားတိုက်ဆေး၊ သွားတိုက်တံကအစ အကုန်အသစ်အသစ်တွေ။တံဆိပ်မျိုးစုံ ဆပ်ပြာတုံးလေးတွေကိုလည်း နှစ်သက်ရာယူသုံးနိုင်ဖို့ စင်ကလေးပေါ်မှာ တန်းစီတင်ထားသည်။
ဒီဘက်ဘေးမှာတော့ ရောင်စုံမျက်နှာသုတ်ပုဝါအကောင်းစားကြီးတွေက အထပ်လိုက်တင်ထားတာက တစ်ပုံတစ်ပင်။အခန်းထဲမှာ ကိုယ်လုံးပေါ်မှန်ကြီးတစ်ချပ်က အဆင်သင့်။
Po စိတ်အိုက်အိုက်နဲ့ ရေပါချိုးပစ်လိုက်သည်။ခုလောက်ဆို Poတစ်ညလုံးပြန်မလာလို့ မာမားစိတ်ပူနေတော့မည်။တွေ့မှ မာမားကို ရှင်းပြရတော့မှာပဲ။
"မင်း ရေချိုးလိုက်တာလား?"
Po bathrobeတစ်ထည်ကိုဝတ်ပြီးထွက်လာတော့ သူက မျက်လုံးတွေပွတ်သပ်ကြည့်ရင်း Poကိုလှမ်းမေးသည်။
"ဟုတ်တယ်၊ ခေါင်းထဲမှာ ငြီးစီစီကြီးဖြစ်နေလို့ ရေချိုးပစ်လိုက်တာ"
"အဟွန်း အိပ်ရာထချိန်မှာ ကြည့်တော့လည်း မင်းက တအားလှနေတာပဲနော်၊ အဝတ်အစားလဲမယ်ဆိုရင် ဟိုဗီရိုကြီးတွေထဲမှာ အဝတ်အစားအသစ်တွေ အထပ်လိုက်ရှိတယ်၊ တီရှပ်တွေ၊ ရှပ်တွေလည်း ချိတ်တန်းတွေမှာ ဒီဇိုင်းမျိုးစုံ ကာလာမျိုးစုံရှိတယ်၊ မင်းကြိုက်တာ ရွေးဝတ်နိုင်တယ်၊ ဖိနပ်တွေက ဒီဘက်ဗီရိုအောက်ဆုံးမှာ"
YOU ARE READING
My Mysterious Neighbour
Romanceပေါ့ပေါ့ပါးပါးဇာတ်လမ်းလေးပါပဲ.... ဒီficထဲမှာတော့ အထိမခံစွာတေးလေးPoPoနဲ့စွာတေးလေးနဲ့အပြိုင်လိုက်စွာမယ့်Mileကို တွေ့ရမှာပါနော်😉 MileApo fanfic💚💛