Part 18

512 5 0
                                    

ညနေစောင်းမိုးချုပ်တော့ အိမ်ရှေ့လှေကားထိပ်လေးမှာ စိတ်ပျက်လက်ပျက်လေးနဲ့ Poတစ်ယောက်တည်း ထိုင်နေဆဲ။ထိုစဉ် ကားအကောင်းစားကြီးတစ်စီးက Poတို့အိမ်ရှေ့မှာ ငြိမ့်ခနဲထိုးရပ်လာတယ်။

Poကြည့်လိုက်တော့ ဟိုနိုင်ငံခြားပြန်သူဌေးကြီး Mile Phakphum Romsaithong...
ထုံးစံအတိုင်း ကားပေါ်ကဆင်းလာတဲ့ ပုဂ္ဂိုလ်မြတ်ကြီးက အပျံစား အမိုက်စား လုံးဝလန်းသန့်နေတဲ့ စတိုင်လ်မျိုးနဲ့။

သူ့ကိုတွေ့လိုက်မှ Po ပိုပြီးတော့ ငိုချင်စိတ်ပေါက်သွားရပြီ။

သူကတော့ ကားပေါ်ကဆင်းလာတာ ပတ်ဝန်းကျင်ကိုလည်း လုံးဝဂရုမစိုက်ပါ။မျက်နှာထား မာထန်နေတာက Poဆီကို တည့်တည့်လျှောက်လာနေကတည်းက သိသာနေသည်။

"ခင်ဗျား ဘာလာလုပ်တာလဲ"

"ဘာလာလုပ်ရမှာလဲ.. မင်းကိုစိတ်မချလို့ ကိုယ် တစ်ခေါက်ပြန်လာတာ"

ခပ်တည်တည်ပြောပြီး အိမ်ရှေ့လှေကားပေါ် လှမ်းတက်သည်။

"ဟဲ့ အိမ်ရှေ့က ဘယ်သူလဲ"

မာမား လှမ်းအော်လိုက်တဲ့အသံက အိမ်ထဲက ထွက်လာသည်။

"ကျွန်တော်ပါ အန်တီ.. Mile Phakphum"

"ဟင်!"

Minရဲ့သား Mile Phakphumဆိုသည့်ကောင်လေးကိုကြည့်ပြီး Khun Dew မျက်လုံးပြူးသွားကာ အသက်ပါမရှူနိုင်။

ကြည့်ပါဦး.. အခု သူမရှေ့မှာမြင်နေရသည့် Mile Phakphumဆိုတဲ့ကောင်လေးက ဘေးအခန်းမှာနေတဲ့ ဟိုတစ်ယောက်နဲ့ တော်တော့်ကို ရုပ်ချင်းခွဲမရအောင်တူနေပါလား။PoPo ပြောမယ်ဆိုလည်း ပြောချင်စရာပဲ။ဟိုကောင်လေးထက်စာရင် ဒီကMile Phakphumရဲ့ဆံပင်တွေက ပိုရှည်နေတာ သိသာနေသည်။

ဒါပေမယ့် အသံလေးက ပိုမာနေ၏။
မျက်နှာလေးတည်နေခဲ့တာကတော့ ဟိုဘက်ခန်းကကောင်လေးနဲ့ တခြားစီ။

"အန်တီက Apo Nattawinရဲ့မာမားလား"

စီးလာသည့် ရှူးဖိနပ်လေးကိုချွတ်ကာ ဧည့်ခန်းဆက်တီခုံလေးမှာ စတိုင်လ်ကျကျလေး ကိုယ်ကို မတ်ဆန့်ပြီးတော့ ဝင်ထိုင်သည်။

My Mysterious NeighbourWhere stories live. Discover now