Part 3

865 12 4
                                    

" PoPo "


" ဟုတ် မာမား ပြောလေ.. "


" ကောင်လေးနာမည်က ဘယ်သူ.. "


ဟော တွေ့လား.. Poဒီလောက်ပြောထားတာတောင် ဒီနာမည်ကိုပဲစိတ်ဝင်စားပြီး မာမားက ခဏခဏပြန်မေးနေတာ Poဖြေနေရတာစိတ်မရှည်တော့ပါ။


" မာမား... Poမေးပါဦးမယ်.. မာမားက ဘာလို့ဒီနာမည်ကိုပဲ ခဏခဏမေးနေရတာလဲ ဟွန့် "


" aww  သိချင်လို့မေးတာပေါ့ "


" Mile Phakphum... Mile Phakphum... ကဲ မှတ်မိပြီလား "


Po နှုတ်ခမ်းလေးမဲ့ကာ ဆူဆူအောင့်အောင့်လေးဖြေလိုက်သည်။တကယ်ပဲ မာမားနဲ့Poနဲ့နှစ်ယောက်တည်းနေပြီး မတည့်တာလည်းအဲ့ဒါပဲ။


" ကောင်လေးက ရုပ်ရည်ကလေးတော့ တော်တော်သန့်တယ်နော် Po.. မာမားကိုမြင်လိုက်တာနဲ့ လှမ်းလှမ်းကြည့်ပြီးတော့ ပြုံးပြရှာတယ်သိလား "


" မာမားနော်.. သူပြုံးပြတိုင်း မာမားကပါ လိုက်မပြုံးပြနဲ့ သိလား "


" ဟင် ဘာဖြစ်လို့လဲ "


" မာမားသိလို့လား.. အဲ့လူက ဖိနပ်စုတ်တွေပါပြင်တယ် မာမားရဲ့ "


" ဟယ် ဟုတ်လို့လား Poရယ် "


မာမားက အံ့ဩနေတဲ့မျက်နှာလေးနဲ့ပြန်ပြောသည်။


" သူများကို မဟုတ်ပဲနဲ့မပြောနဲ့နော် Po "

" ဘာလို့မဟုတ်ရမှာလဲ မာမားရဲ့ "


" လူတစ်ဖက်သားကို Poလောက် မှိုချိုးမျှစ်ချိုးပြောတာလည်း Poပဲ... မာမားမကြိုက်ဘူးနော် Po.. ဒီလိုရုပ်ရည်သန့်သန့်လေးလား ဖိနပ်စုတ်ပြင်စားမှာ.. "


" မာမားရာ.. မာမားမသိဘဲနဲ့ ဘာလို့ဟိုလူ့ဘက်ကို လိုက်ပြီးပြော‌ပေးနေရတာလဲ "


" aww ဒီကလေးကတော့.. မာမားက လိုက်ပြီးပြောတာမဟုတ်ဘူး.. မနက်က မာမား ငှက်ကလေးတွေအစာကျွေးရင်းနဲ့မြင်လိုက်တာ အဲ့ဒီကောင်လေးက အရပ်မြင့်မြင်လေးနဲ့ဖြူဖြူသန့်သန့်လေး.. မျက်ခုံးတန်းကြီးနှစ်ခုကလည်း ထူပိတ်ပြီးတြိဂံပုံစံလေး.. ဒီရုပ်လား ဖိနပ်စုတ်ပြင်မှာ... မင်း မဟုတ်တာတွေမပြောစမ်းနဲ့ "


My mysterious neighbourWhere stories live. Discover now