Part 6

821 12 0
                                    

" မားရေ... "

" မားရေ... "

" မား.. မား... မားရှိလားဗျ "


အခန်းရှေ့ကနေ အသားကုန်စွတ်အော်ရင်း အိမ်ထဲကို ပိုင်စိုးပိုင်နင်းဝင်လာတာ Mile Phakphumဆိုတဲ့လူကြီး။

လက်ထဲမှာလည်း ဈေးခြင်းတောင်းကြီးကိုဆွဲလို့။

" ခင်ဗျား... ခင်ဗျား ကျူးကျူးကျော်ကျော်နဲ့ ဒီဘက်ခန်းကိုဘာလာလုပ်တာလဲ Mile Phakphum.. ခင်ဗျား အခုထွက်နော် "

Poက အိမ်သာထဲမှာ...

ခြေထောက်ကထောက်မရသေးလို့ ဂျိုင်းထောက်တစ်ချောင်းနဲ့သွားနေရတာ။ဒါကိုပဲကြည့်ပါဦး... မား မားဆိုတာကြီးကို တစ်ရပ်ကွက်လုံးကြားအောင် အသားကုန်အော်ပြီး နောက်ဖေးခန်းထဲကို စွပ်ခနဲဝင်လာတာ။

" ဟာ Po... မင်းကဘယ်မှာလဲ အိမ်သာထဲမှာလား "

ဒုက္ခပါပဲ။
ဒီမှာ အိမ်သာတက်လက်စကြီးနဲ့။
သူမေးတာကို ဘယ်လိုပြန်ဖြေရမလဲ။

" အဟမ်း အဟမ်း "

Po ချောင်းဟန့်သံလေးပဲပေးလိုက်သည်။

" ဟုတ်ပါပြီ ဟုတ်ပါပြီ... မင်းက ထော့ကျိုးလေးဆိုတော့ အေးအေးဆေးဆေးပဲနေတော့ပေါ့ ဟုတ်ပြီလား... ကိုယ့်မှာတော့ မားက ခိုင်းတာနဲ့ဈေးလည်းပြေးဝယ်ရသေးတယ်၊ ရေမလာလို့ ရေပိုက်လဲ ပြေးပြင်ရသေးတယ်၊ ဟွန်း မင်းနဲ့အိမ်နီးချင်းဖြစ်သွားတာကိုက ကိုယ် ကံဆိုးတာ "

လူကိုမမြင်ရသေးတော့ Mileက ခပ်တည်တည်ပဲ ရန်စကားပြောပေးလိုက်သည်။သူပြောနေတာတွေက အမှန်ပဲလေ။မနက်မိုးလင်းလို့အိပ်ရာထကတည်းက ရေမလာတော့လို့ ရေပိုက်တန်းပြင်ခဲ့ရတာမလား။

ဂဂျောက်...  ကျွီ...

သူပြောနေတုန်း တံခါးက ဂျောက်ခနဲပွင့်သွားသည်။

" ခင်ဗျား... ခင်ဗျား ဘာစကားပြောတာလဲ Phakphum "

Poထွက်လာတာ ဂျိုင်းထောက်ကလေးအားပြုလို့ ဒေါသမျက်ဝန်းလေးတွေနဲ့ပါ။Mile တစ်ချက်တော့ ပေစောင်းစောင်းလေးလှည့်ကြည့်လိုက်မိသေးသည်။

My mysterious neighbourWhere stories live. Discover now