Part 14

694 12 4
                                    

"Sorryပဲ Apo Nattawin.. "


"ဟမ်"


"မင်း ငါ့ကိုဘာမှထပ်မပြောနဲ့ "


"မဟုတ်ဘူးလေ Khun Mile Phakphum.. ကျွန်တော်က.. "


"ရတယ် မင်းကိုစတွေ့လိုက်ရကတည်းက ငါသဘောကျတယ်လို့ပြောပြီးသား.. အဲ့ဒါ လူကြီးတွေရှေ့မှာမို့ ထိန်းထိန်းသိမ်းသိမ်း ငါပြောလိုက်တာ..ငါ မင်းနဲ့နှစ်ယောက်တည်းရှိနေရင် ပြောမယ့်စကားက ရှင်းရှင်းလေး.. မင်းကို ငါချစ်တယ်.. ဒါပဲ "


"‌ဗျာ.. "


လေသံကမာသလို စကားပြောတာကလည်းပြတ်သည်။
မျက်နှာထားတည်ထားတာကလည်း လုံးဝအငြိမ်ဇယားပဲ။နက်ပြာရောင်အနောက်တိုင်းဝတ်စုံကိုမှ ရှပ်အဖြူရောင်လေးနဲ့တွဲကာ ဝတ်ထားတာမို့ ကြည်လင်ရှင်းသန့်နေသော အသားအရေက P'Mileလိုလမ်းပေါ်ကလူတစ်ယောက်နဲ့တော့ သိသိသာသာကွာနေခဲ့တာပဲဖြစ်သည်။


"ငါပြောတာ ရှင်းတယ်နော် Apo "


ဖြောက်!!


ကားမောင်းရင်း စီးကရက်တစ်လိပ်ကိုထုတ်ကာ စတီးရောင်ပြောင်လက်နေသည့် အကောင်းစားမီးခြစ်လေးကို ဖြောက်ခနဲခြစ်ကာ မီးညှိ့ဖွာရှိုက်လိုက်တာမြင်လိုက်ရတော့ Poသိခဲ့တဲ့P'Mileနဲ့မတူတာကို ချက်ချင်းသတိထားမိလိုက်သည်။ဟိုတစ်ယောက်က ဆေးလိပ်သောက်တတ်တာမှမဟုတ်တာလေ။ရုပ်ချင်းတူနေပေမယ့် ဟိုတစ်ယောက်နဲ့က လုံးဝတခြားစီပါ။


"ခင်ဗျားက စီးကရက်ကြိုက်တယ်ပေါ့"


"အဟင်းး ကြိုက်တာပေါ့ကွ... ငါ ဆယ့်ရှစ်နှစ်သားအရွယ်ကတည်းက စီးကရက်ကို လက်ကြားညှပ်တတ်လာတာ၊စိတ်လှုပ်ရှားလာရင် ပိုပြီးတော့ဖွာချင်တယ်.. အခုမင်းကိုတွေ့လိုက်ရတော့ ပိုဆိုးသွားတယ် "


"ကျွန်တော် စီးကရက်အနံ့မခံနိုင်ဘူး"


"Sorry... "


သူက တစ်ဖွာ နှစ်ဖွာဆက်ဖွာပြီး ပြာခံခွက်ထဲမှာ မီးငြိမ်းထိုးသတ်လိုက်တယ်။ကားမောင်းတာကလည်း တော်တော်ကိုကျွမ်းကျင်သည်။


"နေပါဦး ငါက မင်းကိုဘယ်ကိုလိုက်ပို့ပေးရမှာလဲ "


".... ရပ်ကွက် "


My mysterious neighbourWhere stories live. Discover now