"ဟယ်.. ဒီအိမ်လည်း မကြိုက်ဘူး ဟုတ်လား... ကွိုင်ပဲ"
အိမ်ပွဲစားအပျိုကြီးက စိတ်ပျက်သံလေးဖြင့်ညည်းသည်။
"Mileရယ်.. ဒီရပ်ကွက်ထဲမှာငှားမယ်ဆိုပြီးဆိုင်းဘုတ်ချိတ်ထားတဲ့အိမ်တွေလည်းကုန်ပြီ။လုံးချင်းတွေ နှစ်ခန်းတွဲတွေ...ဆောက်လက်စတိုက်ခန်းတွေပါမကျန်အောင် အန်တီ မင်းကိုလိုက်ပြထားတာလေ... ဒါတွေလည်း မင်းက တစ်ခုမှမကြိုက်ဘူးဆိုတော့ ဒုက္ခပါပဲ ဟင်းး"
"ဟို.. ဟိုလေ အန်တီ.. စောစောက အန်တီနဲ့ကျွန်တော် ဖြတ်လျှောက်လာတဲ့လမ်းမှာတွေ့ခဲ့တဲ့ နှစ်ခန်းတွဲတိုက်အိမ်ကလေးလေ... အိမ်ရှေ့မှာ ရောင်စုံပန်းပင်လေးတွေ အုံခဲနေအောင်စိုက်ထားတဲ့အိမ်ကလေးလေ"
"ဟင်"
သူ ဒီလိုပြောတော့ အိမ်ပွဲစားအပျိုကြီးက မျက်လုံးပြူးသွားသည်။
"အမယ်လေးလေး ကိုလူချောရယ်..ဒီလောက်အခြေကြီးအနေကြီးတဲ့အိမ်ကိုမှ မင်းကငှားချင်နေသေးတယ်... လခကလည်း များတဲ့အပြင် တစ်နှစ်စာကြီးများတောင် တစ်ခါတည်းသွင်းရမှာဆိုတော့ ဒီရပ်ကွက်ထဲမှာ လုံးဝကိုမတန်လို့ မင်းကိုငှားမပေးတာ.. မေ့လိုက်.. မေ့လိုက်"
နှုတ်ခမ်းလေးကိုမဲ့ပစ်လိုက်သလို မျက်နှာလေးကိုလည်း ချီနေအောင် အပျိုကြီးက မော့ပစ်သည်။
ခေါင်းတခါခါနဲ့လည်း သူ့ဆန္ဒကိုအပြတ်ကိုပယ်ချသည်။
Mile Phakphumဆိုတဲ့ဒီကကောင်ကလည်း ဒါမျိုးကိုဇွဲမလျော့ပါ။"ဟို.. အန်တီကလည်း လခကများတယ်ဆိုတော့ ဘယ်လောက်တောင်များနိုင်မှာမို့လို့လဲ"
"များတာပေါ့ Mileရဲ့... မင်းလိုတိုလီမိုလီစွယ်စုံပြင်သမားက ဒီလောက်များတဲ့ငွေကို ဘယ်လိုလုပ် တစ်ခါတည်းပေးနိုင်မှာလဲ.. မဖြစ်ပါဘူး "
"ဟာ.. အန်တီ.. အဲ့ဒါတော့ အန်တီမှားနေပြီ.. ဘန်ကောက်ကိုထွက်မလာခင်ကတည်းက လိုအပ်တဲ့ငွေကို အပြည့်အစုံဖြစ်အောင် ကျွန်တော်ကရှာခဲ့ပြီးသားဗျ.. လာပါ အန်တီရာ.. တစ်ခေါက်လောက်ပြန်လှည့်ပြီး အဲ့ဒီအိမ်နေရာလေးကို သေသေချာချာသွားကြည့်ရအောင်ပါ.. နော်.. အန်တီနော်... ကျွန်တော့်ကိုကူညီပါဗျာ "

YOU ARE READING
My Mysterious Neighbour
Romanceပေါ့ပေါ့ပါးပါးဇာတ်လမ်းလေးပါပဲ.... ဒီficထဲမှာတော့ အထိမခံစွာတေးလေးPoPoနဲ့စွာတေးလေးနဲ့အပြိုင်လိုက်စွာမယ့်Mileကို တွေ့ရမှာပါနော်😉 MileApo fanfic💚💛