5

341 42 18
                                    

💕

" Good morning ပါ Sunghoon shi "

" Good morning ပါ ဒေါက်တာ "

အခန်းထဲကို ဝင်လာလာချင်းမှာပဲ စားပွဲပေါ်ကို လာဗန်ဒါ ပန်းအိုးလေး လာတင်ပေးရင် မနက်ခင်း နှုတ်ဆက်စကားကို ဆိုလာတဲ့ ဒေါက်တာ...

သေချာပေါက် ဒေါက်တာ့ရဲ့ မူပိုင် အပြုံးချိုချိုတွေက မပါမဖြစ်ပေါ့။

" ညက ကောင်းကောင်း အိပ်ပျော်ပါရဲ့လား "

" နှစ်နှစ်ခြိုက်ခြိုက်ပါပဲ "

" ဒါဆို ညက အိပ်မက်တွေ နှောက်ယှက်တာကို မခံရဘူးပေါ့ "

" ဆိုပါတော့ "

Sunghoon ရဲ့ မနက်ခင်းတိုင်းမှာ ဒီလို အသံသာသာလေးတွေကို နားဆင်ရင်း ချိုမြနေတဲ့ အပြုံးမျက်နှာလေးကို ရှုမြင်ခြင်းနဲ့ စတင်ရပါတယ်...။

မနက်ခင်းတင်ပဲလား ဆိုတော့ မဟုတ်ပြန်ပါဘူး။

ည အိပ်ရာဝင်ချိန်တိုင်းမှာလဲ တစ်ညမပျက် ဘေးနားကနေ စာအုပ်လေးတွေကို လာဖတ်ပြတတ်တဲ့  ဒေါက်တာကြောင့် အိပ်ရ ခက်ခဲခဲ့တဲ့ Sunghoon  ရဲ့ ညတွေဟာ ဒေါက်တာ့ရဲ့ သာယာနာပျော်ဖွယ် စာဖတ်ပြနေတဲ့ အသံတွေကို နားဆင်ရင်း မသိလိုက်ခင်မှာပဲ မျက်လုံးတွေ မှေးမှိတ်လို့ အိပ်ပျော်သွားခဲ့ရတာ အခါခါပါပဲ...။

တားနေတဲ့ ကြားက...

ငြင်းဆန်တဲ့ ကြားက

ဒေါက်တာလုပ်ပေးသမျှ ကြည်ကြည်ဖြူဖြူ လက်ခံပါမယ်... ဆိုပြီး ကတိပေးလိုက်တဲ့နေ့က စလို့ ပေးထားရတဲ့ ကတိစကားနဲ့ အကျပ်ကိုင်ပြီး အနိုင်ယူကာ ဇွတ်တရွတ် လုပ်ပေးနေတဲ့ ဒေါက်တာကြောင့် အကြိမ်​ကြိမ် အရှုံးပေးရတာက တစ်မိုးအောက် တစ်ယောက် Park Sunghoon  ကြီးပါပဲ။

ယူလာတဲ့ လာဗန်ဒါ ပန်းအိုးလေးကို စားပွဲပေါ်တင်ပြီးတာနဲ့ ပြတင်းပေါက်တွေ လိုက်ဖွင့်၊ ခန်းဆီးတွေ ဆွဲဖွင့်နဲ့ မိနစ်ပိုင်းအတွင်း အလုပ်ရှုပ်သွားတဲ့ ဒေါက်တာက အခန်းရှင်းလင်းမှုတွေကို ဇယ်ဆက်သလို လုပ်သွားပြီးတာနဲ့ သူ့ဆီ လှည့်လာပြီး

မျှော်လင့်ခြင်း မနက်ဖြန် (SUNSUN)  (SEASON 2)Where stories live. Discover now